မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် သစ်တောပညာ သင်ကြားခြင်းကို ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်(၁၀၀) ပြည့်မြောက်သဖြင့် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၊ ရေဆင်း၌ ကျင်းပသွားမည်ဖြစ်ရာ အလှူငွေ ထည့်ဝင်လိုသူများအနေဖြင့် ၂၀-၅-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ အောက်ပါပုဂ္ဂိလ်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မိသားစု မြန်မာ့ ရိုးရာအတာသင်္ကြန်ရေပက်ဖြန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန်တေးသီချင်း အကအလှ များဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နေ့လည် အချိန်တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်ဦးစီးဌာန ရုံးများ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ ရိုးရာအတာသင်္ကြန် ကြိုဆိုသည့်ပွဲ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မင်္ဂလာရှိသော ၁၃၈၅ ခုနှစ် […]
၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၇-၃-၂၀၂၃)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်ကို၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန် ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် […]
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ၉-၃-၂၀၂၃ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်တက်ရောက်လာသူမားက ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့်အခြေအနေ၊ လုံခြုံရေးဆိုင်ရာအခြေအနေ၊ ပြပွဲတက်ရောက်မည့်ပြည်တွင်း/ပြည်ပရတနာကုန်သည်များ၏ တည်းခိုနေထိုင်ရေး အခြေအနေ နှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြသည်။ အဆိုပါအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဉက္ကဋ္ဌနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရပါသည်။ […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ် ၃၉ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်မှုကို လှည်လည်ကြည့်ရှု အားပေးသည်။ ထို့နောက် ပြိုင်ပွဲတွင်ပထမဆုရရှိသော ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လည်းကောင်း၊ ဒုတိယဆုရရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသင်းအား ဒုတိယဝန်ကြီး ဦးထွန်းအုံက လည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၁)သတ္တုတွင်းလုပ်ငန်း […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ ပျော်ရွှင် အပန်းဖြေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းများနှင့် အနုပညာရှင်များ၏ ဖျော်ဖြေပွဲ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ညနေ (၅)နာရီ အချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တို့ တက်ရောက် ကြည့်ရှုအားပေးပါသည်။ အဆိုပါ ဖျော်ဖြေပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံကျော် အဆိုတော်များ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ဖျော်ဖြေပွဲသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန လက်အောက်ရှိ […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္ထိစာသင်တိုက် ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူကြပြီး ဒုတိယဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျန်ရှိသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား […]
(မဏိရတနာ ကျောက်စိမ်းခန်းမ၊ နေပြည်တော် ၃၀-၁၀-၂၀၂၂) ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း များအား ဂုဏ်ပြုဆုငွေ၊ ဝန်ထမ်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် […]
