ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ သတင်းကြေညာချက် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၅)ရက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၉)ရက် ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မေလ (၃)ရက်မှ (၁၂)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။ ၂။ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်း လုပ်ငန်း များဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက် များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ပါသည်။ ၃။ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် […]
၁။ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်များ (MSME) တို့အတွက် ခဲမဖြူ သတ္တုစင် (PRT) (၅)တန်အား Lot (၁၀) Lots ခွဲ၍ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ ရောင်းချမည်ဖြစ်ပါ၍ ဈေးနှုန်းအဆိုပြုလွှာအား (၂-၄-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီ နောက်ဆုံးထားပေးသွင်းနိုင်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ၂။ အသေးစိတ်သိရှိလိုပါက အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၉၃၉၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ တင်ဒါကော်မတီ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း
ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်း လိုင်စင်၊ ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများပြုလုပ်ခြင်းလုပ်ငန်း လိုင်စင်နှင့် ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်ရယူ ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ သက်တမ်းတိုးမြှင့်လျှောက်လွှာများ တင်သွင်းကြပါရန်နှင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် –
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းလိုင်စင်များအနက် သက်တမ်းတိုး ဆောင်ရွက်ရန် ပျက်ကွက်မှု (၃ နှစ်အတွင်းရှိ) လုပ်ငန်းလိုင်စင်များ၏ ၃ နှစ် ဒဏ်ကြေးဖြင့် သက်တမ်းတိုး ဆောင်ရွက် ခွင့်ပြုရန် တင်ပြဆောင်ရွက်မှုများအား ၃၁-၃-၂၀၂၄ ရက်နေ့အထိသာ လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ သက်တမ်းတိုးဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိသည့် လိုင်စင်များအနေဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်လိုပါက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း သက်ဆိုင်ရာ ဌာနများတွင် ရုံးဖွင့်ရက်များအတွင်း အမြန်ဆုံးဆက်သွယ်၍ သက်တမ်းတိုး ဆောင်ရွက်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ မှတ်ချက်။ ၁-၄-၂၀၂၄ ရက်နေ့မှစ၍ သက်တမ်းတိုးရန် ပျက်ကွက်မှု (၂ နှစ်အတွင်းရှိ) လုပ်ငန်း လိုင်စင်များကိုသာ သတ်မှတ်ဒဏ်ကြေးဖြင့် လက်ခံ […]
ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်း လိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများ ရောင်းဝယ်ခြင်းလုပ်ငန်း လိုင်စင် ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်၍ သတ်မှတ်ချက်များနှင့် အညီ သက်တမ်းတိုးမြှင့်လျှောက်လွှာများ တင်သွင်းကြပါရန်နှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်းမှာ ဖော်ပြပါအတိုင်းဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့် အငယ်တန်းစာရေး(၁)နေရာ၊ ရုံးအကူ(၁)နေရာ၊ သန့်ရှင်းရေးအကူ(၁)နေရာ၊ စုစုပေါင်း(၃)နေရာအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့် ရရှိသူများစာရင်း ၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၁-၂-၂၀၁၄ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာခေါ်ယူခဲ့သည့် (လစာနှုန်း၊ ၁၈၀၀၀ဝိ-၄၀၀ဝိ-၁၉၀၀၀ဝိ) အငယ်တန်းစာရေး (၁)နေရာ၊ (လစာနှုန်း၊၁၄၄၀၀ဝိ-၂၀၀ဝိ – ၁၅၄၀၀ဝိ) ရုံးအကူ (၁) နေရာ၊ (လစာနှုန်း၊၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ) သန့်ရှင်းရေးအကူ(၁) နေရာ၊ စုစုပေါင်း (၃)နေရာ အတွက် လျှောက်ထားလာသူများအနက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာလိုက်သည် – စဉ် အမည် နိုင်ငံသားမှတ်စိစစ်ရေးကတ်ပြား အမှတ် ခုံအမှတ် (က) ဒေါ်ဖြိုးအိအိဝင်း ၉/လဝန(နိုင်)၂၅၂၅၃၁ MO-01 ( ခ) ဒေါ်ထက်စုမင်း ၈/ပဖန(နိုင်)၁၈၄၄၁၅ MO-02 […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးရုံး (ရုံးအမှတ်-၁၉) ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး (ရုံးအမှတ်-၁၉)တွင် လစ်လပ်လျက်ရှိသော(လစာနှုန်း၊18000ဝိ-200ဝိ-19000ဝိ)နှင့်(လစာနှုန်း၊14400ဝိ-200ဝိ-15400ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး(3)နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်- စဉ် ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း (က) အငယ်တန်းစာရေး 1 အခြေခံပညာအထက်တန်းအောင်ရမည်။ (ခ) ရုံးအကူ 1 အခြေခံပညာအလယ်တန်းအောင်ရမည်။ (ဂ) သန့်ရှင်းရေး 1 မြန်မာစာကို ကောင်းစွာရေးဖတ် တတ်ရမည်။ 2။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည် – (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) 2024 ခုနှစ်၊ဇန်နဝါရီလ (၃1) ရက်နေ့တွင် အသက်(18)နှစ်ပြည့်ပြီး အသက် (26)နှစ် မကျော်လွန်သူဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(35)နှစ် မကျော်လွန်သူ ဖြစ်ပြီး လက်ရှိဌာန၏ […]
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ကက်သုတ် ကြေးနီ (၂၀၀) မက်ထရစ်တန်အား (1) lot လျှင် (၁၀) မက်ထရစ်တန်စီဖြင့်(20) lots ခွဲ၍ ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံး ကုမ္ပဏီများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များသို့ “မြန်မာကျပ်ငွေ”ဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ ရောင်းချမည် ဖြစ်ပါသည်။ ၂။ ကြမ်းခင်းဈေးနှုန်းမှာ တင်ဒါဖွင့်သည့် နေ့တွင်ရှိမည့် ကမ္ဘာ့သတ္တုပေါက်ဈေးနှုန်း (London Metal Exchange-LME)ပါ ကက်သုတ်ကြေးနီ တစ်မက်ထရစ်တန်ဈေးနှုန်း (Unknown Price)အပေါ်တွင် အခြေခံ၍ သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပြုဈေးနှုန်းအား (LME + Premium) ဖြင့် ဖော်ပြရာတွင် အမေရိကန်ဒေါ်လာဖြင့် ရေးသားဖော်ပြရမည်ဖြစ်ပြီး Premium ကြေး အများဆုံး ပေးသွင်းနိုင်သည့် အဆိုပြုတင်သွင်းသူကို တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။ […]
