ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာ အချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိပါသည်။ ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ် ခြင်း၊ […]
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ် များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း”၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဒေသမှ ဌာနေ တိုင်းရင်းဆေးဆရာများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု စီမံကိန်းအား ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မဲခေါင်မြစ်ဝှမ်းဒေသတွင် စီမံကိန်းကာလ ၂ […]
သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများ ထိန်းသိမ်းရေး၊ သစ်တောများ စီမံအုပ်ချုပ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်တာဝန်ယူရသော ဦးစီးအရာရှိများ အနေဖြင့်လည်း သစ်တောသယံဇာတများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေရန်၊ လုပ်ငန်း စွမ်းဆောင် ရည်မြင့်မားစေရန်နှင့် ဌာနလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန် ရှိသူများလိုက်ပါလျက် ၉-၁-၂၀၂၆ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တော သုတေသနစခန်းအမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ တောတွင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ သစ်တောကျောင်း၊ အမှတ်စဉ် ၁၁၉ မှ သင်တန်းသားများအား တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသစ်တောကျောင်းသည် ၁၈၉၈ ခုနှစ်မှ စတင်၍ အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး အဓိကကျောရိုး သစ်တောဝန်ထမ်းများကို မွေးထုတ်ပေးလာခဲ့ရာ ရာပြည့်နှစ်အလွန် ငွေရတုပင် ကျော်လွန်လာခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၅ ခုနှစ် ဆန်းစစ်ချက်အရ ၄၂.၁၅ ရာခိုင်နှုန်းရှိသဖြင့် သစ်တောပြုန်းတီးမှု သိသာစွာ နည်းပါးလာသည်ကို တွေ့ရှိရကြောင်း၊ သစ်တော ဖုံးလွှမ်းမှု ၅၀ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၇-၁-၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တက္ကသိုလ်များနယ်မြေ (ရေဆင်း)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် မတူညီသော သဘာဝသစ်တော သစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် သစ်တောမျိုးစုံ ရှင်သန်ပေါက်ရောက်နေပြီး နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးတို့တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည့် အတွက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၇-၁-၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တက္ကသိုလ်များနယ်မြေ (ရေဆင်း)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် မတူညီသော သဘာဝသစ်တော သစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် သစ်တောမျိုးစုံ ရှင်သန်ပေါက်ရောက်နေပြီး နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးတို့တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည့် အတွက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၁၉ ပြည်ထောင်စု ဝန်ကြီးရုံး ဝန်ထမ်းများအတွက် ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူး ကာလ ကံစမ်းမဲဖောက်လက်ဆောင် ပစ္စည်းနှင့် ငွေသားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၂:၃၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အားပေး ချီးမြှင့်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြား သည်။ ပြည်ထောင်စုဝန်ကြီးက မကြာမီရက်အတွင်း ၂၀၂၅ ခုနှစ် ကုန်ဆုံး၍ ၂၀၂၆ ခုနှစ်၊ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မှာဖြစ်ကြောင်း၊ နှစ်သစ်အခါသမယတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ […]
၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ၂၄-၁၂-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ(ကိုယ်စား) မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီး ကာလများအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါအတိုင်း […]
