သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ် ၃၉ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်မှုကို လှည်လည်ကြည့်ရှု အားပေးသည်။ ထို့နောက် ပြိုင်ပွဲတွင်ပထမဆုရရှိသော ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာ‌ဖွေရေးဦးစီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လည်းကောင်း၊ ဒုတိယဆုရရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသင်းအား ဒုတိယဝန်ကြီး ဦးထွန်းအုံက လည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၁)သတ္တုတွင်းလုပ်ငန်း […]

၁။      မြန်မာ့ရိုးရာကြေးသွန်းကြေးခတ်လုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များ(MSME)တို့အတွက် ခဲမဖြူသတ္တုစင်(PRT) (၁၅)တန်အား Lot (၁၉) Lots ခွဲ၍ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ပါ၍ ဈေးနှုန်းအဆိုပြုလွှာများ ၁၃-၂-၂၀၂၃ ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီ နောက်ဆုံးထားပေးသွင်းနိုင်ကြောင်း အသိပေးအကြောင်းကြားအပ် ပါသည်။ ၂။       အသေးစိတ်သိရှိလိုပါက အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊  ရုံးအမှတ်(၁၉)၊  နေပြည်တော်၊  ဖုန်း-၀၆၇-၃၄၀၉၃၉၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။                                                                                                       တင်ဒါကော်မတီ                                                                                                 အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတွင် လစ်လပ်လျှက်ရှိသော အောက်ဖော်ပြပါအမှုထမ်းရာထူး (၃)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်- စဉ်          ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း (က) ဘူမိဗေဒလက်ထောက်(၂)              (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)       (၃)နေရာ B.E(Mining) ၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်- (က)    ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်၊ ( ခ)    ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်မကျော် လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက်မူရင်းပါရှှိရမည်၊ (ဂ)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊ (ဃ)    ဌာနတွင် အနည်းဆုံးလုပ်သက် တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်၊  ( င)   ရွေးချယ်ခန့်အပ်ခြင်းခံရပါကနေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်           နိုင်ရမည်၊  (စ)    […]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အမှတ်(၁)သတ္တုတွင်း လုပ်ငန်းတွင်လစ်လပ်လျက်ရှိသော (လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး(၃၀)နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်- စဉ်          ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း (က) သတ္တုတွင်းလက်ထောက်(၂)        ၁၃ B.E (Mining) ( ခ) သတ္တုဗေဒလက်ထောက်(၂)        ၁၀ B.E(Metallurgy) ( ဂ) စာရင်းကိုင်(၂)         ၅ B.Com,B.Act,B.Econ,B.BSc. (Applied Statistics) (ဃ) ဘူမိဗေဒလက်ထောက်(၂)         ၂ B.Sc(Geology) ၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်- (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ ( ခ )   ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၃၀)နှစ် […]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာန ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသောအောက်ဖော်ပြပါ (လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အမှုထမ်းရာထူး(၂၃)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည် – စဉ် ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း (က) စစ်ဆေးရေးမှူး – ၂ (၁) နေရာ B.E(Materials & Metallurgy/ Mining/ Metallurgy/ Mechanical/Electrical Power/ Civil) ( ခ) စာရင်းကိုင် – ၂ (၈) နေရာ B.Com,B.Act,B.Econ B.B.Sc(Applied Statistics) ( ဂ) ဘူမိဗေဒလက်ထောက် – ၂    (၁) နေရာ B.Sc(Geology) (ဃ) ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၁၂) နေရာ B.E(Mining/Metallurgy/ […]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ ပျော်ရွှင် အပန်းဖြေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းများနှင့် အနုပညာရှင်များ၏ ဖျော်ဖြေပွဲ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ညနေ (၅)နာရီ အချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တို့ တက်ရောက် ကြည့်ရှုအားပေးပါသည်။           အဆိုပါ ဖျော်ဖြေပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံကျော် အဆိုတော်များ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ  ဝန်ထမ်းအနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ဖျော်ဖြေပွဲသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန လက်အောက်ရှိ […]

Download လုပ်ရန်

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။           အခမ်းအနားတွင် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္ထိစာသင်တိုက် ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူကြပြီး ဒုတိယဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။           ထို့နောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျန်ရှိသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား […]

(မဏိရတနာ ကျောက်စိမ်းခန်းမ၊ နေပြည်တော် ၃၀-၁၀-၂၀၂၂)           ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း များအား ဂုဏ်ပြုဆုငွေ၊ ဝန်ထမ်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။           ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် […]

Top