(နေပြည်တော်   စက်တင်ဘာလ  ၂၂  ရက်)         သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကြီးဌာနမှ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်သာမက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ စက်တင်ဘာ ၂၃ ရက်မှစတင်၍ လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပုလဲမွေးမြူခြင်းဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင်ပုလဲများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မုတ်ကောင် သားဖောက်မွေးမြူခြင်းနှင့်မုတ်ကောင်သားပေါက်(Collector)များ ရေချမွေးမြူထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဩဂုတ်လ (၃၁) ရက်နေ့ နံနက်(၉)နာရီတွင် Grand Jade  ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အလုပ်ရုံဆွေးနွေးပွဲကို အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင် ပုလဲများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်ဝင်ငွေရရှိရေး၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာ များတိုးတက်ရေးနှင့် မိခင်မုတ်ကောင်မှ သားပေါက်မုတ်ကောင်များ ရှင်ကျန်နှုန်း ပိုမိုကောင်းမွန်စေရေး၊ ဝတ်ဆံသွင်းခြင်း၊ ရေချမွေးမြူခြင်း ပိုမိုတိုးတက်လာစေရေး၊ အရည်အသွေးကောင်းမွန်သည့် ပုလဲများ ထုတ်လုပ်နိုင်ရေးနှင့် ပုလဲကဏ္ဍ ယခုထက် ပိုမိုတိုးတက်မြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပုလဲမွေးမြူထုတ်လုပ်ရေး ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီများမှ […]

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ရုံးအမှတ်-၁၉) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် Geographic Information System (GIS) အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားတွင် လက်ရှိအသုံးပြုလျက်ရှိသည့် မြေပုံများ၊ တစ်လက်မ-တစ်မိုင် စကေး မြေပုံများ၊ Myanmar dataum 2000 UTM မြေပုံများနှင့် ကိုယ်တိုင်ကွင်းဆင်းတိုင်းတာ သတ်မှတ် ထားသော မြေပုံများကို Geographic Information System (GIS) စနစ် အသုံးပြု၍ မြေပုံများ ရေးဆွဲ ရာတွင် တူညီ၍ ပြုပြင်လွယ်သော Software တစ်ခုအား အသုံးပြုခြင်းဖြင့် ဌာနတစ်ခုနှင့်တစ်ခု အကြား လိုအပ်ချက်များကို အချင်းချင်းလွယ်ကူမြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားရခြင်း ဖြစ်ပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူက […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈)ရက် သောကြာနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။           အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် […]

၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘာသာစုံဂုဏ်ထူးရှင်များ ဂုဏ်ထူးများဖြင့် အောင်မြင်သူများ ပိုမိုများပြားစွာ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရပြီး ယခုနှစ်တွင် ဂုဏ်ထူးရှင် စုစုပေါင်း(၁၆၉)ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင်များ အမြဲတမ်း မပျက်မကွက် ပါဝင်လေ့ရှိသည့် မိမိတို့ ဝန်ကြီးဌာန ဝန်ထမ်း သား၊ သမီးများ၏ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ […]

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP) ၏ (၇၈)ကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး (The 78th CCOP Steering Committee Hybrid Meeting) နှင့် ဆက်စပ်အစည်းအဝေးများအား (၃၀-၅-၂၀၂၂) မှ (၂-၆-၂၀၂၂)ထိ အလှည့်ကျအိမ်ရှင်ဖြစ်သော မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ (Ulaanbaatar) မြို့တွင်ကျင်းပရာ CCOP အဖွဲ့ဝင်မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်မှ တက်ရောက် ခဲ့ပြီး Online မှတစ်ဆင့် Virtual ဖြင့် ဌာနမှအရာထမ်းများလည်း တက်ရောက်ခဲ့ကြပါသည်။ […]

            ၂၀၂၂  ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။             ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့မှ(၂၈)ရက်နေ့ထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြပွဲကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ရာတွင် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ပြီးပြပွဲဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သဖြင့် ပြပွဲကိုအောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် […]

Top