မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေး စီမံခန့်ခွဲရေးနှင့် လေ့လာစောင့်ကြည့်နိုင်ရေး အတွက် နှစ်နိုင်ငံကြား ရေအရည်အသွေးညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်း ဆောင်ရွက် မှုကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲအား ၂၀-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ […]
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်၊ မင်းဘူး-ပဒါန်း-အမ်းကားလမ်း မိုင်တိုင်အမှတ် ၄/၇ မှ ၅/၀ အကြားကျင်းပပြလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး ဒေါ်ကြူကြူလှ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မကွေးခရိုင်အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများမှ ဆရာ၊ […]
ထိုင်းနိုင်ငံ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုစီမံခန့်ခွဲရေး စီမံကိန်း အပိုင်း (၂) ၏ အထောက်အပံ့ဖြင့် နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေး အတွက် ကွန်ပျူတာနှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် နည်းပညာ စီမံခန့်ခွဲရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) တွင် ၁၅-၈-၂၀၂၅ ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ရန်ကုန်မြို့ ထိုင်းသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump ၊ ပထမအတွင်းဝန် […]
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ ၏ သား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍ သည် အရေးကြီးကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်း လာစေရေး ရည်ရွယ်၍ ယခုကဲသို့ ထူးချွန်စွာအောင်မြင်ခဲ့မှု၊ ကြိုးစားအားထုတ်မှုကို […]
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြေတိုင်းဦးစီးဌာန၊ One Map Myanmar အစည်းအဝေးခန်းမ၌ ၄-၈-၂၀၂၅ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီအချိန်တွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆဋ္ဌမအကြိမ် One Map Myanmar ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များ၊ သတ္တမ အကြိမ် အမျိုးသားမြေအသုံးချမှုကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် နဝမအကြိမ် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြေငလျင် လှုတ်ခတ်ခဲ့ပြီး Power Breakdown ဖြစ်ပေါ်ခဲ့မှုကြောင့် One Map Myanmar System […]
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ဖွင့်လှစ်သည့် ကျောက်စိမ်း၊ ကျောက်မျက် လက်ဝတ်ရတနာ ဒီဇိုင်းများ ပြုလုပ်ခြင်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်မျက်ရတနာသင်တန်းကျောင်း၌ ၂-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ တက်ရောက်၍ သင်တန်းဆင်းဂုဏ်ပြု အဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးလှမောင်သိန်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဟန်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်နှင့် တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် GTC-TC ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး ကျောက်စိမ်း၊ ကျောက်မျက် […]
ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဝါးလက်မှုပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားရာတွင် မျှစ်ထုတ်လုပ်မှု၊ ဝါးအခြေခံလက်မှုပစ္စည်းများ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာ နှင့် စျေးကွက်အခွင့်အလမ်းများ ဆွေးနွေးဖလှယ်နိုင်ရန်နှင့် လုပ်ငန်းရှင်နှင့်ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ယခုအလုပ်ရုံဆွေးနွေးပွဲအား ကျင်းပ ရခြင်း ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုးနှင့် ဝါးမျိုးစိတ် […]
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၅-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဒီရေတောများ ရေရှည် တည်တံ့ဖွံ့ဖြိုးစေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က ၂၀၁၅ ခုနှစ်မှစ၍ ဇူလိုင်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီရေတော များသည် ကုန်းမြေနှင့် ပင်လယ်အကြား ဆက်စပ်ပေးလျက်ရှိသည့် သစ်တောဂေဟစနစ်များဖြစ်ကြောင်း၊ […]
