သတင်းစဉ် နေပြည်တော် (၂၁.၄.၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ)၊ ရုံးအမှတ် (၁၉) နေပြည်တော် တိုးချဲ့ရုံး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့ နေ့လည် (၁၁:၀၀) နာရီ မင်္ဂလာအချိန်တွင် အဆိုပါ အဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော် နှင့် ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရုံးအဆောက်အဦသစ်အတွင်း ဘူမိဗေဒ လေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့်အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့မှ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်။ “ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ ကျောက်မျက် သယံဇာတများကို သားစဉ်မြေးဆက် ရေရှည် သုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ Coronavirus Disease 2019 (Covid-19) ရောဂါ ဖြစ်ပွားမှုကို ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊ လုံးခင်း/ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး/မော်ဟန် ရတနာနယ်မြေတို့ တွင် ရပ်နားထားခဲ့သော ကျောက်စိမ်းရိုင်း တူးဖော်ခြင်း လုပ်ငန်း များကို (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၉-၂၀၂၁) ရက်နေ့အထိ ယာယီရပ်ဆိုင်းထားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်” မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်မျက်၊ ကျောက်စိမ်း မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲအတွက် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌများဖြစ်သည့် ဦးလှစိုးဦးနှင့် ဦးမြင့်ဟန်တို့မှ ရတနာပြပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ပုလဲအတွဲများ တင်ဒါစနစ်ဖြင့် ရောင်းချမှု၊ ကျောက်စိမ်း/ကျောက်မျက်များ အတွဲဖွဲ့ ခင်းကျင်းပြသထားမှုများကို ရှင်းလင်းပြသကြောင်း သိရှိရပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ ၁၇-၃-၂၀၂၁ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မတ်လ(၁၇) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာစကား ပြောကြားပါသည်။ အဆိုပါ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ နေပြည်တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်(၃) ရပ်မှ မိမိတို့ […]
သတင်းစဉ် နေပြည်တော် (၉-၃-၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန(သတ္တုရေးရာ)၏ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လ(၉)ရက်နေ့ နေ့လည်(၀၂:၀၀) နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှေ့ရှိ ကွင်းပြင်၌ ကျင်းပပြုလုပ်ရာ Coronavirus Diseade 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အားပေး ကြည့်ရှုခဲ့ပါသည်။ ရှေးဦးစွာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်း များမှ ပြိုင်ပွဲဝင် အရာထမ်း/အမှုထမ်းများ၏ ထမနဲထိုးပြိုင်ပွဲ […]
သတင်းစဉ် နေပြည်တော် (၃-၃-၂၀၂၁) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ်၊ မတ်လ (၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှိ အစည်းအဝေးခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်း များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အမှာ စကား ပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ဝန်ကြီးဌာနလက်အောက်ရှိ အရာထမ်း/အမှုထမ်း များ အနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လေးစားလိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့လုပ်ငန်းများအပေါ် စေတနာထားဆောင်ရွက် ကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။ ထို့နောက် တက်ရောက် လာကြသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ […]
သတင်းစဉ် နေပြည်တော် (၂၂.၂.၂၀၂၁) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉) ရှိ အစည်းအဝေးခန်းမ၌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ သည့် State-owned Enterprise (SOE) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေ အနေ သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း(၅)ခု၏ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေသုံးသပ်ခြင်း အစည်းအဝေး ပြုလုပ်ရခြင်းမှာ နိုင်ငံပိုင် စီးပွားရေး […]
သတင်းစဉ် နေပြည်တော် (၁၆.၂.၂၀၂၁) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှိ အစည်းအဝေးခန်းမ၌ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ)က ဆောင်ရွက်လျက်ရှိသည့် ဓာတ်သတ္တု လုပ်ကွက် များ၊ ကျောက်မျက်ရတနာလုပ်ကွက်များနှင့် ပုလဲမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများအတွက် လိုက်နာ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က သတ္တုတူးဖော်ခြင်း လုပ်ငန်းများ၊ ကျောက်မျက် ရတနာ တူးဖော် ခြင်းလုပ်ငန်းများ၊ ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ […]
