သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈)ရက် သောကြာနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။           အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် […]

၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘာသာစုံဂုဏ်ထူးရှင်များ ဂုဏ်ထူးများဖြင့် အောင်မြင်သူများ ပိုမိုများပြားစွာ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရပြီး ယခုနှစ်တွင် ဂုဏ်ထူးရှင် စုစုပေါင်း(၁၆၉)ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင်များ အမြဲတမ်း မပျက်မကွက် ပါဝင်လေ့ရှိသည့် မိမိတို့ ဝန်ကြီးဌာန ဝန်ထမ်း သား၊ သမီးများ၏ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ […]

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP) ၏ (၇၈)ကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး (The 78th CCOP Steering Committee Hybrid Meeting) နှင့် ဆက်စပ်အစည်းအဝေးများအား (၃၀-၅-၂၀၂၂) မှ (၂-၆-၂၀၂၂)ထိ အလှည့်ကျအိမ်ရှင်ဖြစ်သော မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ (Ulaanbaatar) မြို့တွင်ကျင်းပရာ CCOP အဖွဲ့ဝင်မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်မှ တက်ရောက် ခဲ့ပြီး Online မှတစ်ဆင့် Virtual ဖြင့် ဌာနမှအရာထမ်းများလည်း တက်ရောက်ခဲ့ကြပါသည်။ […]

            ၂၀၂၂  ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။             ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့မှ(၂၈)ရက်နေ့ထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြပွဲကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ရာတွင် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ပြီးပြပွဲဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သဖြင့် ပြပွဲကိုအောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် […]

          (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ရာ ယနေ့ မွန်းလွဲပိုင်း တွင် ကျင်းပပြီးစီးခဲ့ပြီး ပြပွဲကာလအတွင်း ပုလဲအတွဲ ၃၃၀ ကျောက်မျက်အတွဲ ၅၄ တွဲ နှင့်ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီထံမှ သိရသည်။           ပြပွဲများအဖြစ်  ဧပြီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပုလဲအတွဲ ၃၃၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ တင်ပြသည့် ပုလဲအတွဲအားလုံး ရောင်းချရသဖြင့် […]

          မြန်မာတို့၏ ယုံကြည်ကိုးကွယ်မှုတွင် ဘုရား၊ တရား၊ သံဃာတို့ကို ရတနာမြတ် သုံးပါးဟု သတ်မှတ်ထားကြသည်။ လောကုတ္တရာကောင်းကျိုးအတွက် ကံ ကံ၏ အကျိုးကို ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ် တန်ဖိုးထားကြသည်။ လောကီစီးပွား ဥစ္စာအတွက် ကျောက်စိမ်း၊ ပတ္တမြား၊ ပုလဲ၊ နီလာ စသည်တို့ကို ကျောက်မျက်ရတနာဟု သတ်မှတ်တန်ဖိုးထားကြသည်။ ကျောက်မျက်ရတနာတို့ကို လူသားတို့သည် အဆင်တန်ဆာအဖြစ် လှပစွာတန်ဖိုးထား ဆင်မြန်းကြသည်။ ရတနာပစ္စည်းတို့၏ အရည်အသွေးအလိုက် တန်ဖိုးမြင့်မားကြသည်။ ထိုရတနာများသည် မြေအောက်၊ ရေ အောက်မှ ရရှိလာသော ရတနာများဖြစ်သည်။           မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ကျောက်မျက်တွင်းထွက်ရတနာ အမျိုးအစားပေါင်း ၇၅ မျိုးအထိ ထွက်ရှိကြောင်း သိရှိရသည်။ ထိုသယံဇာတ ကျောက်မျက်ရတနာများသည် နိုင်ငံတော်အတွက် အကျိုး စီးပွားဖြစ်ထွန်းစေလျက်ရှိသည်။ […]

Top