(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။           နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။           ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁) မှ (၁၄၀၀) အထိ အတွဲပေါင်း ၇၀၀ အား ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။           ထို့နောက်ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀)အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက […]

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။           နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။           ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၇၀၀) အထိ အတွဲပေါင်း (၇၀၀) အတွက် ရတနာကုန်သည်များက တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၅၂၃ တွဲကို ရောင်းချရကြောင်း ကြေညာသည်။           ယခင်ရက်ပြပွဲများတွင် ပုလဲအတွဲအမှတ် (၁) မှ (၃၃၀) အထိ […]

နေပြည်တော် (၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်)           ကျောက်မျက်ရတနာများကို လူသားတို့သည် အဆင်တန်ဆာအဖြစ် လှပစွာ တန်ဖိုးထား ဆင်မြန်းကြသည်။ ထိုကဲ့သို့ လှပစွာဆင်မြန်း တန်ဖိုးထားကြသော ကျောက်မျက်ရတနာများသည် ဘူမိအနေအထားကြောင့် မြန်မာ့မြေတွင် ကျောက်မျက် ရတနာတွင်းထွက်အမျိုးအစားအားဖြင့် (၇၅) မျိုးအထိ စုံလင်စွာ ဖြစ်ထွန်းတည်ရှိနေ သည်။ ထိုသို့ အမျိုးအစားစုံလင်လှသော မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာ သယံဇာတများသည် နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်းစေသည့် အခွင့်အလမ်း များဖြစ်လာစေရန် နိုင်ငံ၏သမိုင်းစဉ်တစ်လျှောက်လုံး ဖော်ဆောင်ပေးနိုင်ခဲ့သည်။ ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ           နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်းစေမှုကို သမိုင်းစဉ်တစ်လျှောက်လုံး အတွက်သာမက အနာဂတ်မျိုးဆက်များ၏ ရေရှည်အကျိုးဖြစ်ထွန်းမှုများ ဖော်ဆောင် ပေးနိုင်မည့် ကျောက်မျက်ရတနာ သယံဇာတများကို နိုင်ငံခြားငွေဖြင့် ရောင်းချနိုင်ရန် ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို တော်လှန်ရေးကောင်စီအစိုးရ […]

          (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။           မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။           ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲအမှတ် ၁ မှ ၁၂၀ အထိ အတွဲပေါင်း ၁၂၀ အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၉ နာရီတွင် တင်ဒါဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို ရောင်းချရကြောင်း ကြေညာသည်။           ယမန်နေ့ပြပွဲတွင် ပုလဲအတွဲအမှတ် ၁ မှ ၃၃၀ အထိ […]

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့အတွက် ပုလဲတင်ဒါ အမှတ် (၃) မှ ပုလဲအတွဲ ၁၁၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ အားလုံးရောင်းချရခြင်း ဖြစ်သည်။           အလားတူ ဧပြီ ၂၃ ရက်တွင်လည်း ပုလဲတင်ဒါအမှတ် (၁) မှ ပုလဲအတွဲ ၁၁၀ တွဲနှင့် ပုလဲတင်ဒါအမှတ် (၂) မှ ပုလဲအတွဲ ၁၁၀ တို့ကိုလည်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ ၂၂၀ တွဲ ရောင်းချရသဖြင့် ယခု (၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် တင်ပြသည့် ပုလဲအတွဲ ၃၃၀ တွဲ ရောင်းချရကြောင်း သိရသည်။           ပြပွဲ […]

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။           နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုခဲ့ကြပြီး ရတနာ ကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။           ၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြ ရောင်းချမည့် ပုလဲအတွဲ ၃၃၀ အနက်မှ  ဧပြီ ၂၃ ရက်တွင် ပုလဲတင်ဒါအမှတ် (၁) မှ (၁၁၀) တွဲ၊ တင်ဒါအမှတ် (၂) […]

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြပြီး […]

Top