မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

မြန်မာနိုင်ငံသည် ကျောက်မျက် ရတနာမျိုးစုံ ပေါများစွာထွက်ရှိသော နိုင်ငံဖြစ်ပါသည်။ ကမ္ဘာကျော် ကျောက်စိမ်းများကို လုံးခင်း၊ ဖားကန့် ရတနာမြေတွင်လည်းကောင်း၊ ကမ္ဘာကျော် ပတ္တမြားများကို မိုးကုတ်ရတနာမြေနှင့် မိုင်းရှူး ရတနာမြေတွင်လည်းကောင်း၊ နီလာနှင့်အခြား ရောင်စုံကျောက်မျက်များကို မိုးကုတ် ရတနာမြေတွင်လည်းကောင်း စီးပွားဖြစ် တူးဖော်ထွက်ရှိ ကြပါသည်။

မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်းသည် အထက်ဖော်ပြပါ ရတနာမြေ အသီးသီးတွင် တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လိုသော နိုင်ငံသားလုပ်ငန်းရှင်များကို လုပ်ကွက် စိစစ်၍ တူးဖော်လုပ်ကိုင်ခွင့်ပြုခြင်း၊ တူးဖော်ရရှိသော ကျောက်မျက် ရတနာများကို နှစ်စဉ်တစ်နှစ်လျှင် (၃)ကြိမ် ရတနာပြပွဲများ ပြုလုပ်ရောင်းချပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

ထို့ပြင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည် ထုတ်လုပ်ရောင်းချနိုင်ရေးကိုလည်း ခွင့်ပြု အားပေးသဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး၊ ရန်ကုန်မြို့တွင် စျေးကွက်ရရှိနေပါ သည်။

ထို့ကြောင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများသို့ နိုင်ငံတကာမှ ရတနာကုန်သည်များ၊ ကျောက်မျက် ပညာရှင်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ တက်ရောက် ဝယ်ယူလျက်ရှိသဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိ နေပါသည်။

သို့ဖြစ်၍ မြန်မာ့ကျောက်မျက် ရတနာများကို စိတ်ဝင်စားပြီး ရတနာပြပွဲများသို့ တက် ရောက်လိုပါက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့်ဆက်သွယ် ဆောင်ရွက် နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရည်မှန်းချက်များ

(က)  မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာစျေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်။
(ခ)
  စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းများကို နိုင်ငံသားကုမ္ပဏီနှင့် သမဝါယမအသင်းများအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်။
(ဂ)
  ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကို အချိန်အခါမရွေး လွတ်လပ်စွာရောင်းဝယ် ဖောက်ကား နိုင်ရေးအတွက် ကျောက်မျက် ရတနာစျေးများ ဖွင့်လှစ်ထားရှိရန်။
(ဃ)
  ကျောက်မျက်ရတနာအရိုင်းများကို ဆင့်တက်ပြုပြင်၍ တန်ဖိုးမြင့်ထုတ်ကုန် အချောထည်နှင့် လက်ဝတ် ရတနာများ ထုတ်လုပ်ပြီး အချောထည်စျေးကွက် ပိုမိုဖြစ်ထွန်း တိုးတက်စေရေး ဆောင်ရွက်ရန်။

တာဝန်များ

(က)   ရတနာနယ်မြေအတွင်း ကျောက်မျက်ရတနာ လုပ်ကွက်များ သတ်မှတ်ခြင်း။
(ခ)
 နိုင်ငံသားလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများသို့ ကျောက်မျက်ရတနာ လုပ်ကွက်များခွင့်ပြုမိန့် ချထားပေးခြင်း။
(ဂ)
 ကျောက်မျက်ရတနာများ ထုတ်လုပ်ခြင်း၊ ကျောက်မျက် ရတနာအရိုင်း၊ ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများ ရောင်းဝယ်ခြင်းအပေါ် မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ ရတနာခွန် ကောက်ခံခြင်း။
(ဃ)
 သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောက်မျက်ရတနာပြပွဲများ ကျင်းပပြုလုပ်ခြင်း။

Top