၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် […]

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမနှင့် အဆောက်အဦအရှေ့ အလံတိုင် ကွင်းတို့၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။           ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင် မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ အသိ ပညာပေး ဟောပြောခဲ့ပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင် မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။           ပြီးနောက် ရုံးအမှတ်-၁၉ အဆောက်အဦအရှေ့ အလံတိုင်ကွင်း၌ လက်တွေ့ […]

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။           ထို့နောက် ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်း ပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲ ဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေများကိုလည်းကောင်း၊ ပြပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြသည်။           အဆိုပါအစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန […]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(ရုံးအမှတ်-၁၉) သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်သည့် “e-Government Awareness” သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၄)ရက်နေ့ နံနက် ၈:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။  အဆိုပါသင်တန်းသို့ ဦးစီးဌာန/လုပ်ငန်းများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၁၈ ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းအား ၄-၃-၂၀၂၄ ရက်နေ့မှ ၈-၃-၂၀၂၄ ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၂/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။           အခမ်းအနားသို့အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ကြပါသည်။           အခမ်းအနားတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန် တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက […]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၅-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှု နှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင် များအားထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေး ပြီး ဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။    ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်အတွင်းတည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားမှုအခြေအနေများနှင့် အဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဘိချောင်းကမ်းဘေးတစ်လျှောက် သဲသောင်ခုံတော၊ အပူပိုင်းအမြဲစိမ်းမိုးသစ်တောနှင့် ဒီရေတောစသည့် မတူညီသော တောအမျိုးအစား ၃ မျိုး တစ်နေရာတည်းတွင် ပေါက်ရောက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အလားအလာရှိသော နေရာများတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်များ ထပ်မံတည်ထောင်သွားရန်၊ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၄-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ခံဝန်ထမ်းများ နှင့် တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတော များထိန်းသိမ်းကာကွယ်ရေး၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့် သတ္တုများ ထုတ်ယူသယ်ဆောင်ခြင်းများအား ကာကွယ်တာဆီးရေးနှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စည်းကမ်းပြည့်ဝ သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်နှင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ […]

မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်း အချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၆) ကြိမ်မြောက်  မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ ရုံးအမှတ် (၃၉)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ဦးစီးဌာန၊ လုပ်ငန်းနှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲတွင် ပထမဆုရရှိသော […]

နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအား အပြည့်အဝလည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဘိလပ်မြေ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဘိလပ်မြေစက်ရုံများသည် နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများတွင် အရေးကြီးသည့် လမ်း၊ တံတား၊ ဆေးရုံ၊ စာသင်ကျောင်း စသည့် အခြေခံအဆောက်အဦ များတည်ဆောက်ရာ၌ အသုံးပြုသည့် အဆင့်မီ ဘိလပ်မြေများကို ထုတ်လုပ်ပေးရသဖြင့် အဓိကအခန်း ကဏ္ဍတွင် ပါဝင်သလို ပြည်ပသွင်းကုန် အစားထိုးထုတ်လုပ်မှု ဖြစ်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို အထိုက်အလျောက် လျှော့ချပေးပါကြောင်း၊ နေပြည်တော်၊ […]

Top