နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်၊ အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။ ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများအား ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးလက်ဆောင် ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် သောကြာနေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လက်ထောက်အတွင်း ဝန်များနှင့် ပြည်ထောင်စုဝန်ကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် တို့က ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူး အမှာစကားများ ပြောကြားခဲ့ကြပြီး နှစ်သစ်ကူး လက်ဆောင်ပစ္စည်းများကို ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ […]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၃)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂3 ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။           အခမ်းအနားတွင် ပျဉ်းမနားမြို့၊ အောင်သိဒ္ဓိကျောင်း ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူကြပြီး ပြည်ထောင်စုဝန်ကြီး က အောင်သိဒ္ဓိကျောင်း ဆရာတော် အရှင်သူမြတ်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။           ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ […]

နေပြည်တော် အောက်တိုဘာ ၂၆ ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၃ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၆၂၃ တွဲ ရောင်းချရကြောင်း ထုတ်ပြန် ကြေညာသည်။ ပြပွဲ အဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ကို ပြည်တွင်းရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သတ်မှတ်တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ယင်းကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက […]

နေပြည်တော် အောက်တိုဘာ ၂၅ ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမ အတွင်းဘက်နှင့် အပြင်ဘက်တို့တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၆၀၁ တွဲ ရောင်းချရကြောင်း ကြေညာသည်။ ပြပွဲ သတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး […]

Top