သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင်စိုက်ပျိုးပွဲကို ၁၁-၇-၂၀၂၅ ရက်၊ သောကြာနေ့၊ နံနက် ၀၇◌း၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင်တိုင် ၂၆/၆ တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူကြီးဝင်းကျော်သူ၊ မန္တလေးတိုင်း ဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်၊ ညောင်ဦး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀၀ ဦး တက်ရောက်ကြပါသည်။ သစ်ပင်စိုက်ပွဲတွင် ဒုတိယဝန်ကြီးမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်းအားလည်းကောင်း၊ ကျောက်ပန်းတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးဝင်းကျော်သူမှ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၉-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေး တပင်ကန်အနီးရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော သစ်တောစိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချို-ချောက် ကားလမ်းဘေး ဆင်ကကြိုးပြင်ကာကွယ်တောတွင် ၂၀၂၅ ခုနှစ် မိုးရာသီ လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ အားကြည့်ရှုစစ်ဆေးပြီး ဂွေးချို-ချောက် ကားလမ်း ဘေးရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် ဧရိယာ (Greening Complex Zone)အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အတူ ၈-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းဝန်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြုလုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် ၃၁၄/၀ အနီးရှိ ၂၀၂၅ခုနှစ်တွင် စိုက်ပျိုးထားသော မိုးရာသီသစ်မျိုးစုံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ လိန်တောကြိုးပြင် ကာကွယ် […]
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း (၁၄)ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈)ရက် (အင်္ဂါနေ့)၊ နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၁၉) ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အမှူးထား၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၄)ကြိမ်မြောက် ဝန်ထမ်းမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၄) ကြိမ်မြောက် ဝန်ထမ်း မိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား “နမောတဿ” သုံးကြိမ် ညီညာဖျဖျ ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။ထို့နောက် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူရန် “ဩကာသ” ကန်တော့ချိုးဖြင့် ညီညာဖျဖျ ကန်တော့ကြသည်။ ပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ […]
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၆-၆-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ တောရိုင်း တိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များနှင့် သတ္တုရေးရာကဏ္ဍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီ ပထမ အကြိမ် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ၂၆-၆-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၄ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၁၀၀၀ ဦး တက်ရောက်သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ကျွန်းပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင် များအား သတ်မှတ်နေရာများတွင် ဆက်လက် စိုက်ပျိုးပေးသည်။ ထို့နောက် […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး ကိစ္စရပ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University ၊ အစိုးရ […]
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်- (က) ပြိုင်ပွဲဝင်များသည် ၁၀ နှစ် မှ ၁၅ နှစ်၊ ၁၆ နှစ် မှ၂၀ နှစ်၊ ၂၁ နှစ် မှ ၂၅ နှစ် ဟူ၍ အသက်အရွယ် အပိုင်းအခြား (၃) ခု ခွဲခြား၍ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ( ခ ) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy၊ Soft Copy (၂)စုံ […]
