နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ဆဋ္ဌမ အကြိမ်) အစည်းအဝေးကို (၉-၆-၂၀၂၅) ရက်၊ တနင်္လာနေ့ နေ့လယ် ( ၁၃:၀၀ ) နာရီအချိန်တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ကြီး လုပ်ငန်းကော်မတီဝင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကော်မတီအတွင်းရေးမှူး နှင့်တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတ ရေးရာဝန်ကြီးများက ဗွီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ယခု အစည်းအဝေးအား နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၃/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် ၂:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၈၅ ဦး တက်ရောက်ကြပါသည်။ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းနိုင် က လက်ရှိ နေထိုင်ရန် ဆောက်လုပ် ပေးထားသည့် ဘာရှာ အဆောက်အဦသို့ သွားရာလမ်းတွင် လမ်းမီး တပ်ဆင်ပေးစေ လိုပါကြောင်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခတ္တာလှိုင် က အမှိုက်များ စွန့်ပစ်နိုင်ရေး အမှိုက်ကန်နှင့် […]
၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်း သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လာ ကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးဒေသရှိ သတ္တုလုပ်ကွက်များသို့ ရောက်ရှိရာ တာဝန်ရှိသူများက နှစ်အလိုက် သတ္တုထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု အခြေအနေများ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနနှင့် နည်းပညာမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ သတ္တုရောရာ ကုန်ကြမ်းတင်ပို့ခြင်းအစား ပြည်တွင်း၌ သန့်စင်စက်ရုံတည်ဆောက်၍ သန့်စင်ပြီး သတ္တုများ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားပြီး သတ္တုလုပ်ကွက်များ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် တာချီလိတ်မြို့၊ မြို့တော်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ […]
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) ၌ ယာယီအဆောက်အဦ တည်ဆောက်ရန်အတွက် နေရာရွေးချယ်မှုကို ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
မန္တလေးရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ ခန္တီးရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM (ကယား) မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM (ရှမ်း ) မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(တနင်္သာရီ)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(ကရင်)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(မတလ)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(စစ်ကိုင်း)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ4
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည်စက်ရုံသို့ သွားရောက်၍ ကျွန်း၊ မန်ဂျန်ရှားနှင့် ရာဘာ သစ်အချောထည် ပရိဘောဂများ ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်း ရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်းစျေးကွက်ဝယ်လိုအားနှင့် ရောင်းချမှု၊ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် အရေးကြီးသည့် အတွက် ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ အလားတူ အချောထည်ပရိဘောဂပြုလုပ်ရန် သင့်တော်သည့် သစ်မျိုးများအား ဖော်ထုတ်ပြီး ဌာနနှင့်ပုဂ္ဂလိက ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း […]
မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်၊ သစ်တောနှင့်ဂေဟစနစ်မျိုးစုံ၏ အရေးပါမှုကို ပိုမိုသိရှိ နားလည်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အဖြစ် ၂၀၁၂ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပခဲ့သော အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက် ခဲ့သည့် Departmental E-library Project နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အကူအညီပေးရေး […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက် (ကြာသပတေးနေ့) နေ့တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး အသုံးပြုရေး ကော်မတီမှ ကြီးမှူးကျင်းပသည့် “Ecology of the Big City” ဆိုင်ရာ နိုင်ငံတကာဖိုရမ်၏ Sustainable environment of a metropolis: how to unleash the ecological potential (Plenary Session) သို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ Plenary Session အား ရုရှားဒေသစံတော်ချိန် နေ့လယ် (၁၂:၃၀) မှ (၁၄:၀၀) နာရီအထိ (မြန်မာစံတော်ချိန် ညနေ (၁၆:၀၀) […]
