၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) ၌ ယာယီအဆောက်အဦ တည်ဆောက်ရန်အတွက် နေရာရွေးချယ်မှုကို ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

မန္တလေးရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ ခန္တီးရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM (ကယား) မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM (ရှမ်း ) မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(တနင်္သာရီ)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(ကရင်)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(မတလ)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ DOM(စစ်ကိုင်း)မှ ရုံးဝန်ထမ်းများဝမ်းနည်းခြင်းအထိမ်းမှတ်ဆောင်ရွက်မူ4

ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ သက်တမ်းတိုးမြှင့်လျှောက်လွှာများ တင်သွင်းကြပါရန်နှင့် ၂၀၂၅ ခုနှစ်၊ မေလအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် –  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည်စက်ရုံသို့ သွားရောက်၍ ကျွန်း၊ မန်ဂျန်ရှားနှင့် ရာဘာ သစ်အချောထည် ပရိဘောဂများ  ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်း ရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်းစျေးကွက်ဝယ်လိုအားနှင့် ရောင်းချမှု၊ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် အရေးကြီးသည့် အတွက် ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက်  ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ အလားတူ အချောထည်ပရိဘောဂပြုလုပ်ရန် သင့်တော်သည့် သစ်မျိုးများအား ဖော်ထုတ်ပြီး ဌာနနှင့်ပုဂ္ဂလိက ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း […]

မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်၊ သစ်တောနှင့်ဂေဟစနစ်မျိုးစုံ၏ အရေးပါမှုကို ပိုမိုသိရှိ နားလည်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အဖြစ် ၂၀၁၂ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပခဲ့သော အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက် ခဲ့သည့် Departmental E-library Project နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အကူအညီပေးရေး […]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက် (ကြာသပတေးနေ့) နေ့တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး အသုံးပြုရေး ကော်မတီမှ ကြီးမှူးကျင်းပသည့်  “Ecology of the Big City” ဆိုင်ရာ နိုင်ငံတကာဖိုရမ်၏ Sustainable environment of a metropolis: how to unleash the ecological potential (Plenary Session) သို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ Plenary Session အား ရုရှားဒေသစံတော်ချိန် နေ့လယ် (၁၂:၃၀) မှ (၁၄:၀၀) နာရီအထိ (မြန်မာစံတော်ချိန် ညနေ (၁၆:၀၀) […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပဉ္စမအကြိမ်မြောက်အမျိုးသား အားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် နေ့လယ်စာဖြင့် ဂုဏ်ပြုဧည့်ခံခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသည့် အားကစားသမားများက မိမိတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိမှုများနှင့် စံချိန်များကို ပြည်ထောင်စုဝန်ကြီးထံ တစ်ဦးချင်း မိတ်ဆက် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် ပြေးခုန်ပစ် အားကစားနည်းအတွက် နိုင်ငံ့ဂုဏ်ဆောင်သည့် […]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၂/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။           အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်လတ်စိုးနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။           ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ အငယ်တန်းစာရေး  ဒေါ်ဆွေဇင်အောင် က “လူတိုင်းကျန်းမာပျော်ရွှင်ဖို့ အလေ့အကျင့်ကောင်းတွေ လုပ်ကြစို့” ခေါင်းစဉ်ဖြင့် […]

Top