သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး ကိစ္စရပ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University ၊ အစိုးရ […]
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်- (က) ပြိုင်ပွဲဝင်များသည် ၁၀ နှစ် မှ ၁၅ နှစ်၊ ၁၆ နှစ် မှ၂၀ နှစ်၊ ၂၁ နှစ် မှ ၂၅ နှစ် ဟူ၍ အသက်အရွယ် အပိုင်းအခြား (၃) ခု ခွဲခြား၍ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ( ခ ) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy၊ Soft Copy (၂)စုံ […]
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ဆဋ္ဌမ အကြိမ်) အစည်းအဝေးကို (၉-၆-၂၀၂၅) ရက်၊ တနင်္လာနေ့ နေ့လယ် ( ၁၃:၀၀ ) နာရီအချိန်တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ကြီး လုပ်ငန်းကော်မတီဝင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကော်မတီအတွင်းရေးမှူး နှင့်တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတ ရေးရာဝန်ကြီးများက ဗွီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ယခု အစည်းအဝေးအား နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၃/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် ၂:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၈၅ ဦး တက်ရောက်ကြပါသည်။ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းနိုင် က လက်ရှိ နေထိုင်ရန် ဆောက်လုပ် ပေးထားသည့် ဘာရှာ အဆောက်အဦသို့ သွားရာလမ်းတွင် လမ်းမီး တပ်ဆင်ပေးစေ လိုပါကြောင်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခတ္တာလှိုင် က အမှိုက်များ စွန့်ပစ်နိုင်ရေး အမှိုက်ကန်နှင့် […]
၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်း သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လာ ကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ […]
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါလုပ်ငန်းများအား ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါများတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးဒေသရှိ သတ္တုလုပ်ကွက်များသို့ ရောက်ရှိရာ တာဝန်ရှိသူများက နှစ်အလိုက် သတ္တုထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု အခြေအနေများ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနနှင့် နည်းပညာမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ သတ္တုရောရာ ကုန်ကြမ်းတင်ပို့ခြင်းအစား ပြည်တွင်း၌ သန့်စင်စက်ရုံတည်ဆောက်၍ သန့်စင်ပြီး သတ္တုများ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားပြီး သတ္တုလုပ်ကွက်များ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် တာချီလိတ်မြို့၊ မြို့တော်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ […]
