ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်း

တည်နေရာနှင့်အကျယ်အဝန်း

     ရှမ်းပြည်နယ်၊တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၅၇ မိနစ် - အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၆ မိနစ်

သမိုင်းအကျဉ်း

       ၁၉၂၀ ခုနှစ်မှ ၁၉၃၀ ခုနှစ်အတွင်း  စတီးဘရားသားကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များစမ်းသပ်လုပ်ကိုင်ခဲ့သည်။သိမ်ကုန်းနှင့်ရွာဟောင်းတို့တွင်မြေအောက်လုပ်ကွက်များဖေါ်ထုတ်ခဲ့သည်။

       ၁၉၆၅ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့မှစ၍  ကြီးကြပ်ညှိနှိင်းရေးကော်မီတီ ဖွဲ့စည်းပြီးဓာတ်သတ္တုတူးဖေါ်ရေးဆောင်ရွက်ခဲ့သည်။

       ၁၉၆၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ပြည်သူပိုင်လုပ်ငန်း၊ ပြည်သူ့ဘော်တွင်းလုပ်ငန်းအနေဖြင့်လုပ်ကိုင်ခဲ့သည်။

       ၁၉၇၆  ခုနှစ်တွင်   အမှတ် (၁) သတ္တုတူးဖေါ်ရေးထုတ်လုပ်ရေး ကော်ပိုရေးရှင်း၊ ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်း အနေဖြင့်လုပ်ကိုင်ခဲ့သည်။

        ၁၉၉၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍  အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဘော်ဆိုင်း သတ္တုတွင်းစီမံကိန်း အမည်ဖြင့်ဆောင်ရွက်ခဲ့သည်။

        ၂၀၁၀ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ရှိ  သတ္တုသိုက်ပမာဏမှာ သ-၃ အဆင့်ရှိ ခဲသတ္တုရိုင်း (၂.၇)သန်းမက်ထရစ်တန်ခန့်ဖြစ်ပါသည်။

        ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်းအား ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲပြောင်းခဲ့ပါသည်။
Top