မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အမှာစကားပြောကြာ

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ

၁၇-၃-၂၀၂၁

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မတ်လ(၁၇) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာစကား ပြောကြားပါသည်။

အဆိုပါ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ နေပြည်တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်(၃) ရပ်မှ မိမိတို့ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ဦးတည်ချက်(၂)ရပ် ဖြစ်သည့် (က) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး (ခ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီ ပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေး ဦးတည်ချက်များနှင့်အညီ ယခုမြန်မာကျပ်ငွေဖြင့် ရောင်းချသော မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ၁-၄-၂၀၂၁ ရက်နေ့မှ ၁၀-၄-၂၀၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါကြောင်း ပြောကြား ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက မြန်မာ့ကျောက်မျက်ရတနာ အချောထည် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ၊ လက်လုပ်လက်စား၊ အသေးစားနှင့် အငယ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းတွဲများ အတွဲဖွဲ့စည်း ခင်းကျင်းထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top