၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားကျင်းပသည့်သတင်း

            ၂၀၂၂  ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

            ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့မှ(၂၈)ရက်နေ့ထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြပွဲကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ရာတွင် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ပြီးပြပွဲဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သဖြင့် ပြပွဲကိုအောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ယခုပြပွဲမှ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ နောင်ကျင်းပ ပြုလုပ်မည့် ရတနာပြပွဲများတွင် လိုအပ်သည်များကို ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများအား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးက ‌ဝန်ထမ်းများကိုယ်စား မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတို့မှ တာဝန် ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ (၅၇)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အရာထမ်း/အမှုထမ်း (၄၅၉)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Admin

Admin

Top