သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမင်းသူ ၏ ပြည်တွင်းခရီးစဉ်သတင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၇-၈-၂၀၂၂ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနရုံးခွဲများသို့ ရောက်ရှိကာ ရုံးအဆောက်အဦများနှင့် ဝန်ထမ်း အိမ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် များအား တိကျစွာ လိုက်နာရန်၊ မိမိလုပ်ငန်းအပေါ် ကောင်းမွန်သော စေတနာခံယူချက်ထား ဆောင်ရွက်ရန်၊ ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

          ၂၈-၈-၂၀၂၂ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်တွင်းဒေသရှိ သံတော်မြတ်ကုမ္ပဏီ လီမိတက်၏ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ထုံးကျောက် အကြီးစားထုတ်လုပ်မှုလုပ်ငန်းခွင် သို့ ရောက်ရှိပြီး တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခွင့်ပြုမိန့်ပါ စည်းကမ်းချက် များ၊ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်း၊ EIA(Environmental Impact Assessment)၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် EMP (Environmental Management Plan) ပါ ကတိကဝတ်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရေး၊ CSR (Cooperate Social Responsibility) လူမှုရေးဆိုင်ရာ တာဝန်ခံ ဆောင်ရွက်မှု လုပ်ငန်းများဆောင်ရွက်ရေး၊ ဘိလပ်မြေတိုးတက်ထုတ်လုပ်ရန် ကုမ္ပဏီမှ ကြိုးစား ဆောင်ရွက်ရေး၊ ဌာနမှ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ် ကွပ်ကဲရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top