သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္ထိစာသင်တိုက် ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူကြပြီး ဒုတိယဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျန်ရှိသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

          ပြီးနောက် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္ထိစာသင်တိုက် ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက ပရိတ်တရား “အနုမောဒနာ” တရားများ ချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်း များကို ဆောင်ရွက်ခဲ့ကြပြီး ကြွရောက်လာကြသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top