မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတွင် လစ်လပ်လျှက်ရှိသော အောက်ဖော်ပြပါအမှုထမ်းရာထူး (၃)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-

စဉ်         ရာထူးရာထူးနေရာအနိမ့်ဆုံးပညာအရည်အချင်း
(က)ဘူမိဗေဒလက်ထောက်(၂)              (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)      (၃)နေရာB.E(Mining)

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်-

(က)    ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်၊

( ခ)    ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်မကျော် လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက်မူရင်းပါရှှိရမည်၊

(ဂ)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊

(ဃ)    ဌာနတွင် အနည်းဆုံးလုပ်သက် တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်၊

 ( င)   ရွေးချယ်ခန့်အပ်ခြင်းခံရပါကနေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်

          နိုင်ရမည်၊

 (စ)    အခြားဝန်ထမ်းအဖွဲ့အစည်းများမှလျှောက်ထားသူများသည်သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်၊

(ဆ)    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ် (Removal)ခံရသူများ လျှောက်ထားခွင့်မရှိပါ။

  ၃။       လျှောက်လွှာတွင် အောက်ဖော်ပြပါအချက်များကို ပြည့်စုံစွာ ဖော်ပြရမည်-

(က)    အမည်၊

          (ခ)     နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊

          (ဂ)     မွေးသက္ကရာဇ်၊အသက်၊

          (ဃ)    လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊

          (င)     ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့် ကျောင်း၊

                   တက္ကသိုလ်၊

          ( စ)    လျှောက်ထားလိုသည့်ရာထူး၊

          (ဆ)    မိဘအမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်၊

          (ဇ)     ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့်ဌာန၊

          (ဈ)     ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်၊

          (ည)    ဆက်သွယ်ရန် နေရပ်လိပ်စာအပြည့်အစုံ၊ဖုန်းနံပါတ်နှင့် E-mail ။

၄။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

(က)    ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

(ခ)     တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

(ဂ)     နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုး ရန်)

(ဃ)    လျှောက်လွှာပိတ်ရက်မတိုင်မီ(၁)လအတွင်းရယူထားသည့်  စာရိတ္တကောင်းမွန်ကြောင်းနှင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊

(င)     သက်ဆိုင်ရာရဲစခန်းမှ(၁)လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊

(စ)       အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

(ဆ)   (၁)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ်ကာလာဓာတ်ပုံ(၃)ပုံ (ဓာတ်ပုံနောက်ကျောတွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)၊

(ဇ)     အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသောအထောက် အထောက်အထားမိတ္တူများ၊

(ဈ)     သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ(၁)လအတွင်းရယူထားသော ကျန်းမာကြောင်း ဆေးထောက်ခံချက်မူရင်း၊

(ည)    အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)။

       

၆။      နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးပို့လျှောက်ထား ရမည်။

၇။      ဖြေဆိုခွင့် ရရှိသူ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို  မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ www.mge.gov.mm နှင့် ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာ ပေးထားမည်ဖြစ်သည်။

၈။      လျှောက်ထားသူများသည်  မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ် မေးခွန်းမျာ ကို(၁၁.၂.၂၀၂၃)ရက်နေ့နံနက်(၀၉:၀၀)နာရီမှနေ့လယ်(၁၄:၃၀)နာရီထိ ရေးဖြေ စာမေးပွဲစစ်ဆေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူကိုသာ လူတွေ့နှုတ်ဖြေ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပါသည်။

၉။     ဖြေဆိုခွင့်ကတ်ပြားများကို (၁၀.၂.၂၀၂၃)ရက်နေ့၌ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊စီမံဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။         

၁၀။    သတ်မှတ်ရက်ထက် နောက်ကျမှရောက်လာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများအထောက်အထား မပြည့်စုံသော   လျှောက်လွှာများ   မှားယွင်းဖြည့်သွင်းထားသော  လျှောက်လွှာများအားပယ်ဖျက်ပါမည်။

 ၁၁။   ရေးဖြေစာမေးပွဲဖြေဆိုရာတွင်  တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း) ၊ ဘွဲ့လက်မှတ်(မူရင်း)များပါရှိရမည်ဖြစ်ပြီး၊ မပါရှိပါက စာမေးပွဲဖြေဆိုခွင့် ရမည်မဟုတ်ပါ။

၁၂။      အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ် ၊  ၀၆၇  –  ၄၁၄၈၁၈ သို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

လျောက်လွှာဖောင်အား download ရယူနိုင်ပါသည်။

Admin

Admin

Top