လူတွေ့ဖြေဆိုခွင့် ရရှိသူစာရင်း ထုတ်ပြန်ကြေညာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့်အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့တွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့် စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး(၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ ရာထူး(၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင် ရေးမှူးရာထူး(၁၂)နေရာ၊ ဒုတိယဦးစီးမှူးရာထူး(၁)နေရာ၊ သတ္တုတွင်းလက်ထောက်-၂ရာထူး (၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်-၂ရာထူး(၁၀)နေရာ၊ စာရင်းကိုင်-၂ရာထူး(၅)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ရာထူး(၂)နေရာ၊ စုစုပေါင်း(၅၃) နေရာအတွက်  လူတွေ့ဖြေဆိုခွင့် ရရှိသူစာရင်း ထုတ်ပြန်ကြေညာခြင်း

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၁.၂.၂၀၂၃ ရက်နေ့၌ ရေးဖြေစာမေးပွဲဖြေဆိုခဲ့သည့် လစာနှုန်းကျပ် (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး(၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ရာထူး (၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး(၁၂)နေရာ ၊ ဒုတိယဦးစီးမှူးရာထူး(၁)နေရာ၊ သတ္တုတွင်းလက်ထောက်-၂ရာထူး(၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်-၂ရာထူး(၁၀)နေရာ၊ စာရင်းကိုင်-၂ ရာထူး(၅)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ ရာထူး(၂)နေရာ၊ စုစုပေါင်းရာထူး(၅၃) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခဲ့သူများအနက် လူတွေ့ဖြေဆိုခွင့်ရရှိသူစာရင်းအား အောက်ပါ အတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-

စဉ်ကျား/မအမည်ခုံအမှတ်
မောင်ရန်အောင်မိုးDOM013
မောင်ထူးအောင်ခန့်DOM022
နှင်းပွင့်ခိုင်ထွေးDOM026
စိမ်းလဲ့ဝေဖြိုးDOM031
မောင်ကျော်စောဟန်ME-1012

၂။       အထက်ပါ လူတွေ့ဖြေဆိုခွင့်ရရှိသူများအား (၃.၃.၂၀၂၃)ရက်(သောကြာနေ့)တွင် နေ့လည် (၁၃:၀၀)နာရီအချိန်မှစ၍ ရုံးအမှတ်(၁၉)၊ နေပြည်တော်၌ လူတွေ့စစ်ဆေးခြင်းပြုလုပ်မည် ဖြစ်ပါ သည်။

၃။      လူတွေ့စစ်ဆေးခံယူမည့်သူများအနက် နိုင်ငံ့ဝန်ထမ်းမဟုတ်သူ ပြင်ပပုဂ္ဂိုလ်များအနေဖြင့် ဘွဲ့လက်မှတ်မူရင်း၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အလုပ်သမားမှတ်ပုံတင်မူရင်းတို့အား ယူဆောင်လာရမည်ဖြစ်ပါသည်။

ရေးဖြေအောင်စာရင်းထုတ်ပြန်ရေးဆပ်ကော်မတီ

Admin

Admin

Top