သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၃)ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၇)ရက် (တနင်္လာနေ့)တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့အား အမှူးထား၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၁၃၈၅ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲအခမ်းအနားကို နေ့လည်(၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၉)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး နေပြည်တော် အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနအကြီးအကဲများက အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ဆရာတော်၊ သံဃာတော်များမှ “အနုမောဒနာ” တရားများ ချီးမြှင့်ခြင်းနှင့် ရေစက် သွန်းချအမျှပေးဝေးခြင်း၊ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော် များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် ကမ္မဝါစာများ ရွတ်ဖတ်သရဇ္စျာယ်ခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။

၎င်းနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top