“Arc GIS Software Installation Services & Advanced GIS” သင်တန်းဖွင့်လှစ်

               သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ရုံးအမှတ်-၁၉) သင်တန်းခန်းမ ၌ ကျင်းပပြုလုပ်သည့် “Arc GIS Software Installation Services & Advanced GIS” သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ (၂၉)ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

 

          ဒုတိယဝန်ကြီးက Arc GIS Software ကို ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်စေရန် အတွက် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတစ်ခုတည်းအောက်ရှိ မတူညီသော ဌာနများ၏ မြေပုံဆိုင်ရာ အချက် အလက်များ၊ သတင်း အချက်အလက်များကို မိမိတို့ဌာနတစ်ခုတည်းသာမက ဝန်ကြီးဌာနတစ်ခုလုံး စံနှုန်းသတ်မှတ်၍ Arc GIS Software အား အသုံးပြုဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း၊ Arc GIS Software သုံးစွဲသည့် နည်းစနစ်များအား လွယ်ကူမြန်ဆန်စနစ်ကျစွာ ဆောင်ရွက်ရန်အတွက် အခြေခံအဆင့်မှသည် ဌာန၏ လိုအပ်ချက် မြေပုံဆွဲနည်းနှင့် အချက်အလက်များ ထည့်သွင်းစနစ်များ တတ်မြောက် နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူရန် ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

 

          အဆိုပါသင်တန်းသို့ ဝန်ကြီးရုံး အပါအဝင် သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းတို့မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၂၆ ဦး တတ်ရောက်သင်ကြားခဲ့ကြပြီး သင်တန်း အား ၂၉-၅-၂၀၂၃ ရက်နေ့မှ ၂-၆-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Admin

Admin

Top