ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

        မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် ဦးမင်းသူ ၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး နှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက  ရှင်းလင်းဆွေးနွေး၍ စမ်းသပ် မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

Myanmar Electronic Voting Machine (MEVM) စက်သည် ထိန်းချုပ်စက် (Control Unit) ၊ ဆန္ဒပြုစက် (Ballot Unit) ၊ ဆန္ဒ ပြုချက် မှန်ကန်မှု ရှိ-မရှိ ပြသသောစက်  (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်း တည်ဆောက်ထားရှိပြီး မဲပေးစက်မှ မဲရလဒ်များထုတ်ယူ ရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှု အပိုင်းနှင့် စပ်လျဉ်း၍ ၎င်းမဲပေးစက်သည် အင်တာနက်၊ ဝိုင်ဖိုင်၊ Bluetooth စနစ်များ ပါဝင်မှုမရှိခြင်း၊ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်များ ပါဝင်မှုမရှိခြင်း၊ USB Output စနစ်များ ပါဝင်မှုမရှိခြင်း တို့ကြောင့် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်သည်။

ယင်းမဲပေးစက်ကို အသုံးပြု မဲပေးခြင်းဖြင့် မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများအတွက် ပိုမိုရှင်းလင်းလွယ်ကူပြီး မဲရလဒ်များကိုလည်း တိကျမှန်ကန်စွာဖြင့် ရေတွက်နိုင်မည်ဖြစ်သည်။ စက်ဖြင့် မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများ မရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏ မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းများလည်း မရှိနိုင်တော့သည့်အတွက် အကျိုးကျေးဇူး များရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Admin

Admin

Top