ရတနာပြပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

 

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ

ရတနာပြပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

အာမခံစပေါ်ငွေပေးသွင်းခြင်း၊ ကျောက်အတွဲများဝယ်ယူခြင်း၊ အာမခံစပေါ်ငွေနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ

အာမခံစပေါ်ငွေပေးသွင်းခြင်း

၁။       ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ဝယ်ယူကြမည့် ရတနာကုန်သည်များသည် ဝယ်ယူလိုသော ကျောက်အတွဲအမျိုးအစားအလိုက် အာမခံစပေါ်ငွေများ ကို ကြိုတင်ပေးသွင်းရမည်ဖြစ်ပါသည်။

၂။       ကျောက်အတွဲအမျိုးအစားလိုက် အနည်းဆုံးပေးသွင်းရမည့် အာမခံစပေါ်ငွေနှုန်းထားနှင့် ဝယ်ယူခွင့်ပြုမည့် ကျောက်အတွဲတန်ဖိုးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

စဉ်

အမျိုးအစား

အာမခံစပေါ်ငွေ နှုန်းထား

ဝယ်ယူခွင့်ပြုမည့် တန်ဖိုး

(က)

ကျောက်မျက်

၂,၀၀၀ US$

၂၀,၀၀၀ US$

(ခ)

ကျောက်စိမ်း (A)အုပ်စု

၅၀,၀၀၀ US$

၅၀၀,၀၀၀ US$

(ဂ)

ကျောက်စိမ်း (B)အုပ်စု

၂၀,၀၀၀ US$

၂၀၀,၀၀၀ US$

(ဃ)

ကျောက်စိမ်း (C)အုပ်စု

၅,၀၀၀,၀၀၀ ကျပ်

၅၀,၀၀၀,၀၀၀ ကျပ်

၃။       အာမခံစပေါ်ငွေကို အမေရိကန်ဒေါ်လာနှင့် ညီမျှသော ယူရိုငွေ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ယင်းသို့ပေးသွင်းရာတွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် “အာမခံစပေါ်ငွေပေးသွင်းရမည့်ငွေလဲလှယ်နှုန်း”ဖြင့် ပေး သွင်းရမည်ဖြစ်ပြီး ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီက သတ်မှတ်ထားသည့် “ကျောက်တန်ဖိုးငွေပေးချေရမည့်ငွေလဲလှယ်နှုန်း”ဖြင့် ပြန်လည် သတ်မှတ်၍ ဝယ်ယူခွင့်ပြုမည်။

၄။       အာမခံစပေါ်ငွေကို ဝယ်ယူမည့် ကျောက်အတွဲအမျိုးအစားအလိုက် အောက်ပါနေ့ရက်များတွင် အပြီးပေးသွင်းရပါမည် –

စဉ်

အမျိုးအစား

ရောင်းချမည့်စနစ်

အာမခံစပေါ်ငွေ ပေးသွင်းရမည့်နေ့ရက်

(က)

ကျောက်မျက်

အိတ်ဖွင့်တင်ဒါ

၂၂-၁၀-၂၀၂၃

(ခ)

ကျောက်စိမ်း (A, B)အုပ်စု

အိတ်ဖွင့်တင်ဒါ

၂၃-၁၀-၂၀၂၃

(ဂ)

ကျောက်စိမ်း (C)အုပ်စု

အိတ်ဖွင့်တင်ဒါ

၂၆-၁၀-၂၀၂၃

၅။       ရတနာကုန်သည်အနေဖြင့် အနည်းဆုံးပေးသွင်းရန် သတ်မှတ်ထားသော အာမခံစပေါ်ငွေ အပြင် ကြိုတင်ငွေ(Advance)အဖြစ် ပေးသွင်းထားနိုင်ပြီး ပြပွဲကာလအတွင်း မိမိ၏ အာမခံစပေါ်ငွေ စာရင်းသို့ဖြစ်စေ၊ အခြားရတနာကုန်သည်၏ အာမခံစပေါ်ငွေစာရင်းသို့ဖြစ်စေ စာရင်းလွှဲပြောင်းပေး လိုပါက ကြိုတင်တင်ပြဆောင်ရွက်နိုင်ပါသည်။

၆။       ရတနာကုန်သည်အနေဖြင့် ရတနာပြပွဲကာလအတွင်း ကျောက်အတွဲများ ဝယ်ယူရရှိခြင်း မရှိဘဲ ပေးသွင်းထားသော အာမခံစပေါ်ငွေများကို အခြားဝယ်ယူမည့် ရတနာကုန်သည်၏ အာမခံ စပေါ်ငွေစာရင်းသို့ စာရင်းလွှဲပြောင်းပေးလိုပါက ကြိုတင်တင်ပြဆောင်ရွက်နိုင်ပါသည်။

၇။      အာမခံစပေါ်ငွေကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် ဖွင့်လှစ်ထားသည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ အာမခံစပေါ်ငွေစာရင်းသို့ ကြေးနန်းငွေလွှဲပို့စနစ် (Telegraphic Transfer) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စနစ် (SWIFT Message)ဖြင့် ပေးသွင်းရမည်။

၈။      ပြည်ပရတနာကုန်သည်များက အာမခံစပေါ်ငွေကို ငွေသားဖြင့်ပေးသွင်း၍ ပြပွဲတက်ရောက် ဝယ်ယူခွင့် တင်ပြခြင်းအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် အညီ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်။

၉။       ရတနာပြပွဲတွင် တင်ဒါစနစ်ဖြင့် အဆိုပြုဈေးနှုန်းအများဆုံးပေးသွင်းသူကို ရောင်းချခြင်းဖြစ်၍ ဝယ်ယူသူအနေဖြင့် မိမိဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲ အားလုံးအတွက် အာမခံစပေါ်ငွေကို လုံလောက်စွာ ပေးသွင်းရမည်။ အာမခံစပေါ်ငွေမလုံလောက်ပါက ဝယ်ယူခွင့်ရရှိကြောင်း ကြေညာ သည့်နေ့ (၁၆း၀၀)နာရီအချိန်အတွင်း လိုအပ်သည့် အာမခံစပေါ်ငွေအား ထပ်မံပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းခြင်းမရှိပါက ဆက်လက် ဝယ်ယူခွင့် ရပ်ဆိုင်းသွားမည်။

၁၀။    ရတနာပြပွဲကာလအတွင်း အာမခံစပေါ်ငွေ ထပ်မံဖြည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြပွဲဗဟို ကော်မတီက ဆောင်ရွက်ပေးနိုင်သည်များကို ကြိုတင်အသိပေး ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ခွင့်ပြုချက်များအတိုင်း ဆောင်ရွက်ပေးပါမည်။

ကျောက်အတွဲများဝယ်ယူခြင်း

၁၁။    ကျောက်အတွဲများ ဝယ်ယူခွင့်ရရှိသော ရတနာကုန်သည်၏ ပြပွဲဝင်ခွင့်အမှတ်၊ ကျောက်အတွဲ အမှတ်နှင့် တန်ဖိုးများကို အမှတ်စဉ် ငယ်စဉ်ကြီးလိုက်အတိုင်း KIOSK စက်များ၊ Display Board များ တွင် အောင်စာရင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်ပေးပါမည်။

၁၂။     ကျောက်အတွဲများ ဝယ်ယူရာတွင် အာမခံစပေါ်ငွေ လုံလောက်စွာ ပေးသွင်းထားသူများ အနက်မှ ဈေးနှုန်းအများဆုံး ပေးသွင်းသူကို စိစစ်ဝယ်ယူခွင့်ပြုပါမည်။

၁၃။    အဆိုပြုဈေးနှုန်းအများဆုံးတင်သွင်းသည့် ကျောက်အတွဲအတွက် အာမခံစပေါ်ငွေမလုံ လောက်မှုများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါသည် –

          (က)    အာမခံစပေါ်ငွေ မလုံလောက်သည့် ကျောက်အတွဲများအတွက် အာမခံစပေါ်ငွေ ထပ်မံ ဖြည့်သွင်းရာတွင် ဝယ်ယူခွင့်ရရှိကြောင်း ကြေညာသည့်နေ့ (၁၆း၀၀)နာရီ အချိန် အတွင်း မပျက်မကွက် ထပ်မံဖြည့်သွင်းရမည်ဖြစ်ပြီး ယင်းသို့ ထပ်မံဖြည့်သွင်းမည် ဖြစ်ကြောင်းကို အာမခံစပေါ်ငွေ လုံလောက်စွာ ပေးသွင်းထားသည့် အခြားရတနာ ကုန်သည်(၂)ဦးက တာဝန်ယူ ထောက်ခံတင်ပြရမည်။

          (ခ)     သတ်မှတ်ချိန်အတွင်း ထပ်မံဖြည့်သွင်းခြင်းမရှိပါက ဆက်လက်ဝယ်ယူခွင့် ရပ်ဆိုင်း သွားမည်ဖြစ်ပြီး အာမခံစပေါ်ငွေ ဖြည့်သွင်းရန် ထောက်ခံတင်ပြသည့် အခြားရတနာ ကုန်သည်က အာမခံစပေါ်ငွေပြည့်မီသည်အထိ တာဝန်ယူဖြည့်သွင်းပေးရမည်။

          (ဂ)     ဝယ်ယူခွင့်ရရှိကြောင်း ကြေညာသည့်နေ့ (၁၆း၀၀)နာရီအချိန်အတွင်း လိုအပ်သည့် အာမခံစပေါ်ငွေအား ထပ်မံပေးသွင်းခြင်း မရှိပါက ဆက်လက်ဝယ်ယူခွင့် ရပ်ဆိုင်း သွားမည်။

          (ဃ)    ပြပွဲကျင်းပပြီးနောက် အာမခံစပေါ်ငွေ မလုံလောက်သည့် ကျောက်အတွဲအတွက် အာမခံစပေါ်ငွေ ထပ်မံဖြည့်သွင်းပြီးမှသာ ငွေအကြေပေးချေထားသည့် ကျောက်အတွဲ များအားလုံးကို ထုတ်ယူခွင့်ပြုမည်။

၁၄။    ကျောက်အတွဲများ ရောင်းချရာတွင် အကြောင်းအမျိုးမျိုးကြောင့် ညှိနှိုင်းဖြေရှင်းရမည့် ကျောက်အတွဲများစာရင်းကို KIOSK စက်များတွင်လည်းကောင်း၊ Display Board များဖြင့်လည်းကောင်း၊ သဘာပတိအဖွဲ့က အသိပေးကြေညာခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးပါမည်။

၁၅။    ဝယ်ယူခွင့်ရရှိကြောင်း ကြေညာသည့် ကျောက်အတွဲအမှတ်နှင့် တန်ဖိုးငွေများသည် အဆိုပြု လွှာတွင် ရေးသားထည့်သွင်းခဲ့သည့် အတွဲအမှတ်၊ တန်ဖိုးငွေများနှင့် ကွဲလွဲမှုရှိပါက အဆိုပါအတွဲများ ဝယ်ယူခွင့်ရရှိကြောင်း ကြေညာသည့်နေ့(၁၃:၀၀)နာရီ နောက်ဆုံးထား၍ ရတနာကုန်သည်ကိုယ်တိုင် စီမံရေးရာလုပ်ငန်းကော်မတီရုံးမှတစ်ဆင့် သဘာပတိအဖွဲ့ထံ တင်ပြဆောင်ရွက်နိုင်ပါသည်။ သတ် မှတ်ချိန်ထက် ကျော်လွန်တင်ပြလာမှုများကို လက်ခံစဉ်းစားဆောင်ရွက်ပေးမည်မဟုတ်ပါ။

၁၆။    သဘာပတိအဖွဲ့သို့ တင်ပြမှုများအတွက် (၁၅:၀၀)နာရီအချိန်ထိ လာရောက်ဖြေရှင်းခြင်းမရှိ ပါက သဘာပတိအဖွဲ့သည် မည်သည့် ရောင်းသူ၊ ဝယ်ယူသူကိုမျှ ထပ်မံဆက်သွယ်ခြင်း၊ စောင့်ဆိုင်း ခြင်းမပြုဘဲ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်၍ အောင်စာရင်းထုတ်ပြန် ကြေညာရောင်းချနိုင်ရေး ဆောင်ရွက်သွားပါမည်။

၁၇။    ကျောက်အတွဲအမှတ်နှင့် တန်ဖိုးငွေများကွဲလွဲမှုအတွက် ရတနာကုန်သည်က သတ်မှတ် နေ့ရက်၊ သတ်မှတ်အချိန်အတွင်း တင်ပြမှုအပေါ် သဘာပတိအဖွဲ့က စိစစ်ရေးအဖွဲ့သို့ ဆက်လက် တင်ပြ၍ စိစစ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည်။

၁၈။    ဝယ်ယူသူအနေဖြင့် ကျောက်အတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဈေးနှုန်းပေးသွင်း ဝယ်ယူ ခြင်းကို ကိုယ်တိုင်တာဝန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားသူတစ်ဦးဦးအတွက် တစ်နည်းနည်း ဖြင့် အမည်ခံ၍ ဝယ်ယူပေးခြင်း သို့မဟုတ် ကိုယ်စားဝယ်ယူပေးခြင်း မပြုရ။

၁၉။    ပြပွဲကာလအတွင်းဖြစ်စေ၊ ပြပွဲကာလပြီးဆုံးချိန်တွင်ဖြစ်စေ အမည်ခံ၍ ဝယ်ယူခဲ့ကြောင်း သို့မဟုတ် ကိုယ်စားဝယ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက အရောင်းအဝယ်စာချုပ်ကို ပယ်ဖျက်ပြီး ဝယ်ယူသူအား ပြပွဲဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ပြပွဲတက်ရောက်ခွင့် ရာသက်ပန် ပိတ်ပင် ခြင်းအပြင် တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်။

ပြည်ပရတနာကုန်သည်များ အာမခံစပေါ်ငွေ ပြန်လည်ထုတ်ယူခြင်း၊ လွှဲပြောင်းသုံးစွဲခြင်း

၂၀။     ပေးသွင်းထားသော အာမခံစပေါ်ငွေကို ပြန်လည်ထုတ်ယူခြင်း၊ လွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ခွင့်ပြုပါမည် –

          (က)    ဝယ်ယူခဲ့သော ကျောက်အတွဲများ၏ တန်ဖိုးသည် အာမခံစပေါ်ငွေထက် နည်းပါက ခုနှိမ်ပေးချေခွင့်ပြုမည်။

          (ခ)     အာမခံစပေါ်ငွေသည် ဝယ်ယူခဲ့သော ကျောက်အတွဲများတန်ဖိုး၏ (၁၀)ရာခိုင်နှုန်း ထက် ပိုမိုပါက အောက်ပါအတိုင်း ခုနှိမ်ပေးချေခွင့်ပြုမည် –

                    (၁)     ရတနာကုန်သည် ဝယ်ယူခဲ့သော ကျောက်အတွဲများမှ နှစ်သက်ရာ ကျောက် အတွဲအတွက် တန်ဖိုးငွေပေးချေခြင်း၊

                    (၂)      အခြားကုန်သည်များ ဝယ်ယူခဲ့သော ကျောက်အတွဲများအတွက် တန်ဖိုးငွေပေး ချေခြင်း၊

          (ဂ)     ကျောက်အတွဲများ ဝယ်ယူရရှိခြင်းမရှိပါက ပေးသွင်းထားသည့် အာမခံစပေါ်ငွေကို အောက်ပါအတိုင်း ဆောင်ရွက်ခွင့်ပြုမည် –

                    (၁)     ရတနာကုန်သည် တင်ပြသည့် ဘဏ်စာရင်းသို့ စာရင်းလွှဲပြောင်းပေးခြင်း၊

                    (၂)      ဝယ်ယူခွင့်ရရှိသည့် အခြားရတနာကုန်သည်သို့ လွှဲပြောင်းပေးခြင်း။

၂၁။     ပြည်ပသို့ ဘဏ်စာရင်း ပြန်လည်လွှဲပြောင်းပေးရာတွင် ပြပွဲဗဟိုကော်မတီက အာမခံစပေါ်ငွေ စာရင်းဖွင့်လှစ်ထားသည့် ဘဏ်နှင့်ချိတ်ဆက်ထားသည့် ပြည်ပရှိဘဏ်များမှတစ်ဆင့် ကြေးနန်းငွေ လွှဲပို့စနစ် (Telegraphic Transfer)ဖြင့် ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်း

၂၂။     ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အစီအစဉ်အတိုင်း ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်ရက်မတိုင်မီ သတ်မှတ်အချိန်ထိ စစ်ဆေးကြည့်ရှုခွင့်ပြုပါမည်။

၂၃။     ဝယ်ယူသူအနေဖြင့် မိမိဝယ်ယူမည့် ကျောက်အတွဲများ၏ အမျိုးအစား၊ အရွယ်အစား၊ အရည် အသွေး၊ အရေအတွက်နှင့် အလေးချိန်တို့ကို သေချာစွာကြည့်ရှုစစ်ဆေးပြီး ကျေနပ်မှသာ ဝယ်ယူရန် ဖြစ်ပါသည်။

၂၄။     ရတနာကုန်သည်များသည် ဈေးနှုန်းတင်သွင်းလွှာ (Bidding Form)များကို သတ်မှတ်ဈေးနှုန်း ဖြင့် ကိုယ်တိုင်ဝယ်ယူကြရမည်။ ရတနာကုန်သည်တစ်ဦးချင်းက ဝယ်ယူသော စျေးနှုန်းတင်သွင်းလွှာ အရေအတွက်၊ အမှတ်စဉ်များကို မှတ်ပုံတင်ထားရှိမည်ဖြစ်ပြီး လွှဲပြောင်းသုံးစွဲခြင်းမပြုရ။ စျေးနှုန်း တင်သွင်း လွှာဝယ်ယူသည့်သူက စျေးနှုန်းတင်သွင်းလွှာပေါ်တွင် ရေးသားချက်များကို တာဝန်ယူ ဖြေရှင်းပေးရမည်။

၂၅။     စျေးနှုန်းတင်သွင်းလွှာ (Bidding Form)များ တင်သွင်းရာတွင် အောက်ပါအချက်များကို ပြည့်စုံမှန်ကန်စွာဖြင့် ရှင်းလင်းပီသစွာ ရေးသားဖော်ပြရမည် –

          (က)    ဝယ်ယူသည့်အတွဲအမှတ်၊ အခြေခံဈေး၊

          (ခ)     ဝယ်ယူသည့်တန်ဖိုး၊

          (ဂ)     ဝယ်ယူသူလက်မှတ်၊

          (ဃ)    ဝယ်ယူသူအမည်နှင့်ကုမ္ပဏီ၊

          (င)     ကုန်သည်မှတ်ပုံတင်အမှတ်(Bidder’s Regd.No)။

၂၆။     ရတနာကုန်သည်များအနေဖြင့် ဝယ်ယူလိုသော ကျောက်အတွဲများကို စျေးနှုန်းတင်သွင်းလွှာ တွင် တစ်တွဲချင်း ဖြည့်စွက်ရေးသားအဆိုပြုပြီး တင်ဒါပုံးများအတွင်းသို့ မထည့်သွင်းမီ ရေးသားရမည့် အချက်အလက်များ ပြည့်စုံမှန်ကန်ခြင်း ရှိ/မရှိ စေ့စပ်သေချာစွာ စစ်ဆေးပြီးမှသာ သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း အချိန်မီထည့်သွင်းရပါမည်။

၂၇။     ကျောက်အတွဲ၏ အခြေခံစျေး (Reserve Price)ထက် လျော့နည်းတင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ပယ်ဖျက်ခြင်းခံရမည်ဖြစ်ပါသည်။

၂၈။     တင်ဒါပုံးမှားယွင်းထည့်သွင်းသော ဈေးနှုန်းတင်သွင်းလွှာ (Bidding Form)များကို ပယ်ဖျက် မည်ဖြစ်ပါသည်။

၂၉။     ကျောက်မျက်အတွဲများနှင့် (A,B)အုပ်စုမှ ကျောက်စိမ်းအတွဲများကို အမေရိကန်ဒေါ်လာ(US$) ဖြင့်လည်းကောင်း၊ (C)အုပ်စုမှ ကျောက်စိမ်းအတွဲများကို မြန်မာကျပ်ငွေ (Kyats)ဖြင့်လည်းကောင်း တန်ဖိုးသတ်မှတ်ခြင်းဖြစ်ပါသည်။ ဝယ်ယူသည့် ကျောက်အတွဲအမျိုးအစားအလိုက် ကျောက်အတွဲ တန်ဖိုးကို အမေရိကန်ဒေါ်လာ(US$) သို့မဟုတ် မြန်မာကျပ်ငွေ (Kyats)ဖြင့် ဖော်ပြရမည်ဖြစ်ပြီး တန်ဖိုးငွေ (အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်)ကို ကိန်းဂဏန်းဖြင့် (၁)ကြိမ်၊ စာသားဖြင့် (၁)ကြိမ် ရှင်းလင်းပီသစွာ ရေးသားဖော်ပြရမည်။

၃၀။    တန်ဖိုးငွေကို ကိန်းဂဏန်း၊ စာသားတို့ဖြင့် (၂)ကြိမ်ရေးသားရာတွင် တူညီမှုမရှိပါက များရာ တန်ဖိုးကိုသာ ဝယ်ယူသည့်တန်ဖိုးအဖြစ် သတ်မှတ်ပါမည်။ (၂)ကြိမ်ရေးသားရမည့်အစား (၁)ကြိမ်သာ ရေးသားပါက ရေးသားသည့် တန်ဖိုးကိုသာ ဝယ်ယူသည့်တန်ဖိုးအဖြစ် သတ်မှတ်ပါမည်။

၃၁။    ဈေးနှုန်းတင်သွင်းရာတွင် အဆိုပြုဈေးနှုန်း တူညီတိုက်ဆိုင်နေခြင်းအတွက် အာမခံစပေါ်ငွေ လုံလောက်သည့် သက်ဆိုင်ရာဈေးနှုန်းတင်သွင်းသူများကိုသာ ထပ်မံဈေးပြိုင် အဆိုပြုတင်သွင်းစေပြီး စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ရတနာကုန်သည်အား ရောင်းချပေးပါမည်။

၃၂။     အကယ်၍ ကျောက်အတွဲ ဝယ်ယူခွင့်ရရှိသူကို မှားယွင်းကြေညာမိပါက ပြန်လည်စိစစ်ပြီး ဝယ်ယူခွင့်ရရှိသူအမှန်၏အမည်ကို ရောင်းချချိန်အတွင်း ပြန်လည်ကြေညာပေးပါမည်။

၃၃။    ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲများအတွက် အမျိုးအစား၊ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်တို့နှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရောင်းသူနှင့် ဝယ်ယူသူ(၂)ဦး တွင်သာတာဝန်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင် ပါသည်။

၃၄။    စျေးနှုန်းတင်သွင်းလွှာ တင်သွင်းခြင်းမရှိသော ကျောက်အတွဲများကို မရောင်းချရသည့် ကျောက်အတွဲစာရင်း (Drop Lot)အဖြစ် သတ်မှတ်ပါမည်။ မရောင်းချရသည့် ကျောက်အတွဲများကို အခြေခံဈေးဖြင့်ဖြစ်စေ၊ အခြေခံဈေးထက်နည်း၍ဖြစ်စေ၊ များ၍ဖြစ်စေ ရောင်းချပေးမည် မဟုတ်ပါ။

၃၅။    ရတနာကုန်သည်အနေဖြင့် ကျောက်အတွဲဝယ်ယူရန် တင်သွင်းထားသော ဈေးနှုန်းတင်သွင်း လွှာများတွင် အတွဲအမှတ်၊ တန်ဖိုးများနှင့်ပတ်သက်၍ တင်ပြခြင်းကို သက်ဆိုင်ရာ ကျောက်အတွဲများ အတွက် ဈေးနှုန်းတင်သွင်းလွှာများ ဖွင့်ဖောက်စိစစ်ခြင်းမပြုမီ စီမံရေးရာလုပ်ငန်းကော်မတီသို့ တင်ပြ နိုင်သည်။

၃၆။    ရတနာပြပွဲတွင် ရတနာကုန်သည်များအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီနှင့်ဗဟိုကော်မတီက တာဝန်ပေးအပ်ထားသူများ၏ ဆုံးဖြတ်ချက်များအပေါ် လက်ခံ လိုက်နာ ဆောင်ရွက်ရမည်။

၃၇။    အခြားလိုအပ်သော သတင်းအချက်အလက်များကို ရတနာပြပွဲကျင်းပချိန်အတွင်း အသိပေး ကြေညာသွားမည်ဖြစ်ပါသည်။ မရှင်းလင်းသည်များနှင့် သိလိုသည်များရှိပါက သက်ဆိုင်ရာလုပ်ငန်း ကော်မတီများသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူခဲ့သော ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေခြင်း

၃၈။    ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူရရှိခဲ့သည့် ကျောက်အတွဲ များအတွက် တစ်တွဲချင်းအလိုက် အရောင်းအဝယ်စာချုပ် (Sale Agreement)တွင် မပျက်မကွက် လက်မှတ်ရေးထိုး၍ စာချုပ်ချုပ်ဆိုကြရမည်။

၃၉။    ဝယ်ယူခွင့်ရရှိသူသည် အကြောင်းအမျိုးမျိုးကြောင့် အရောင်းအဝယ်စာချုပ်တွင် လက်မှတ် ရေးထိုးခြင်းမပြုခဲ့ပါက ဝယ်ယူခွင့်ရရှိသူက အရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုးပြီးသကဲ့ သို့သတ်မှတ်မည်။

၄၀။    ဝယ်ယူခွင့်ရရှိသူသည် ဝယ်ယူခွင့်ရရှိခဲ့သော ကျောက်အတွဲအတွက် သတ်မှတ်ကာလအတွင်း မပျက်မကွက် ငွေပေးချေရန် တာဝန်ယူရမည်။ ထို့ပြင် အရောင်းအဝယ်စာချုပ်ပါ ငွေပေးချေရန် စည်းကမ်းသတ်မှတ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။

၄၁။    ဝယ်ယူခွင့်ရရှိခဲ့သော ကျောက်အတွဲများအတွက် ငွေပေးချေရာတွင် အောက်ပါစည်းကမ်း သတ်မှတ်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည် –

          (က)    ဝယ်ယူခဲ့သောကျောက်အတွဲများအတွက် ကျသင့်တန်ဖိုးငွေများကို မြန်မာ့စီးပွားရေး ဘဏ်(နေပြည်တော်)တွင် ဖွင့်လှစ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီ၏ စာရင်းသို့ ပေးချေရမည်။ ငွေပေးချေရာတွင် ကြေးနန်းငွေလွှဲပို့စနစ် (Telegraphic Transfer) သို့မဟုတ် အပြည်ပြည်ဆိုင်ရာငွေလွှဲပို့စနစ် (SWIFT Message) ဖြင့်ပေးချေရမည်။ ငွေပေးချေရာတွင် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)နှင့် ချိတ် ဆက်ထားသည့် ပြည်ပရှိဘဏ်များမှ ဆောင်ရွက်ရန်ဖြစ်သည်။

          (ခ)     ဝယ်ယူခဲ့သော ကျောက်အတွဲများအတွက် ကျသင့်တန်ဖိုးငွေများကို အမေရိကန်ဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ယင်းသို့ပေးသွင်းရာတွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် “ကျောက်တန်ဖိုးငွေ ပေးချေရမည့် ငွေလဲလှယ်နှုန်း” ဖြင့် ပေးသွင်းရမည် ဖြစ်ပါသည်။

          (ဂ)     ဝယ်ယူခဲ့သော ကျောက်အတွဲများအတွက် ကျသင့်တန်ဖိုးငွေများ အာမခံစပေါ်ငွေ ပေးသွင်းခဲ့သည့် ငွေကြေးအမျိုးအစားဖြင့်သာ ပေးချေခွင့်ပြုမည်ဖြစ်ပြီး ယင်းသို့ ပေးချေနိုင်ခြင်းမရှိပါက အာမခံစပေါ်ငွေကို ခုနှိမ်ပေးချေခွင့်မပြုဘဲ ကျောက်တန်ဖိုးငွေ အပြည့်ကို ပေးချေရမည်ဖြစ်ပါသည်။ ငွေအပြည့်ပေးချေပြီးပါက ပေးသွင်းထားသည့် အာမခံစပေါ်ငွေကို အပိုဒ် ၂၀ အပိုဒ်ခွဲ(ဂ)နှင့်အညီ ဆောင်ရွက်ခွင့်ပြုပါမည်။

          (ဃ)    ပေးသွင်းထားသော အာမခံစပေါ်ငွေစာရင်းမှ စာရင်းလွှဲပြောင်းပေးချေခြင်းကို ဆောင် ရွက်ပေးမည်။

          (င)     ကျောက်အတွဲတန်ဖိုးကို ငွေသားဖြင့်ပေးချေခြင်း၊ ငွေလွှဲစာတမ်းဖွင့်လှစ်၍ ပေးချေ ခြင်း၊ ခရီးသွားချက်လက်မှတ်၊ ပုဂ္ဂလိကချက်လက်မှတ်၊ ဘဏ်ငွေလွှဲ လက်မှတ်နှင့် အကြွေးကတ်ဖြင့် ပေးချေခြင်းများကို လက်မခံပါ။

          (စ)     ရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲများအတွက် တန်ဖိုး ငွေများကို သတ်မှတ်ကာလ ရက်ပေါင်း(၉၀)အတွင်း ပေးချေရမည်။

          (ဆ)    သတ်မှတ်ကာလအတွင်း ပေးချေခြင်းမရှိပါက ကျောက်အတွဲအတွက် ပေးသွင်းထား သော အာမခံစပေါ်ငွေ (၁၀)ရာခိုင်နှုန်းတန်ဖိုးငွေနှင့် ကျောက်အတွဲအမှတ်ဖော်ပြ၍ ပေးသွင်းထားသောငွေများကို သိမ်းယူမည့်အပြင် ပေးချေရန်ကျန်ရှိသည့် အတွဲရာခိုင် နှုန်းနှင့် တန်ဖိုးအပေါ်မူတည်၍ နောက်ဆက်တွဲပါအတိုင်း ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူ ခွင့်ပိတ်ပင်မည်။

          (ဇ)     ဝယ်ယူခဲ့သော ကျောက်အတွဲများအတွက် ငွေအပြည့်အဝရရှိပြီးပါက EXW (Ex Works) စနစ်ဖြင့် တင်ပို့ပေးမည်။

          (ဈ)     ဝယ်ယူခဲ့သော ကျောက်အတွဲများကို ပြည်တွင်းရတနာကုန်သည်များအား လွှဲပြောင်း ပေးခြင်းကို လက်ခံမည်မဟုတ်ပါ။

          (ည)    တန်ဖိုးငွေပေးချေရန် လွှဲပို့ထားသောငွေများမှ တန်ဖိုးငွေပေးချေပြီး၍ ကျန်ရှိသော ငွေများကို ရတနာကုန်သည်တင်ပြသည့် ပြည်ပရှိ ဘဏ်စာရင်းသို့ စာရင်းလွှဲပြောင်း ပေးခြင်း၊ နောင်ကျင်းပမည့် ရတနာပြပွဲအတွက် ကြိုတင်ငွေအဖြစ် ထားရှိခြင်းများကို ဆောင်ရွက်ခွင့်ပြုမည်။

၄၂။     အာမခံစပေါ်ငွေဖြင့် ကျောက်အတွဲတန်ဖိုးငွေများပေးချေရာတွင် ပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသော အာမခံစပေါ်ငွေသုံးစွဲခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပေးချေခွင့်ပြုမည်။

၄၃။    တန်ဖိုးငွေပေးချေပြီးသော ကျောက်အတွဲများအတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းတို့ဖြင့် ထုပ်ပိုး၊ တင်ပို့ခြင်းများကို ရက်ပေါင်း (၃၀)အတွင်း အပြီးဆောင်ရွက်ရမည်။

၄၄။    ရတနာပြပွဲတွင် ရောင်းချသူ၊ ဝယ်ယူသူများ၏ အကြောင်းအမျိုးမျိုးကြောင့် တင်ပြချက်များ အပေါ် သဘာပတိအဖွဲ့က သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စိစစ်ဖြေရှင်း ဆောင်ရွက် ပေးပါမည်။

၄၅။    သဘာပတိအဖွဲ့သည် ပြပွဲဗဟိုကော်မတီနှင့် ဗဟိုကော်မတီဝင်များ၏ အတည်ပြုချက်၊ ဆုံးဖြတ်ချက်ရယူပြီး ဖြေရှင်းပေးရမည့်ကိစ္စရပ်များကို ကျောက်အတွဲရောင်းသူ၊ ဝယ်သူများ၊ သဘာပတိ အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များနှင့်ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်ပေးပါမည်။

ဝတ်စားဆင်ယင်မှုဆိုင်ရာသတ်မှတ်ချက်များ

၄၆။    ရတနာပြပွဲသို့ တက်ရောက်မည့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များနှင့် ကျောက် အတွဲ ထိန်းသိမ်းသူများကို အောက်ဖော်ပြပါ ဝတ်စားဆင်ယင်မှုဖြင့်သာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဘောင်းဘီတို၊ စွပ်ကျယ်စသည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်၍ ပြပွဲသို့ တက်ရောက် ခွင့်မပြုပါ –

          (က)    ပြည်ပရတနာကုန်သည်များ။           အောက်ပါအတိုင်းဖြစ်ပါသည် –

                    (၁)     အမျိုးသား။            အနောက်တိုင်း ဝတ်စုံပြည့် (ပြပွဲစတင်ကျင်းပသည့် နေ့ရက်)၊ ကော်လံပါရှပ်အင်္ကျီလက်ရှည်(အဖြူ သို့မဟုတ် အရောင်ဖျော့) နှင့် အားကစားဝတ်စုံမဟုတ်သည့် ဘောင်းဘီရှည် (ကျန်နေ့ရက်များ)၊

                    (၂)      အမျိုးသမီး။            ဒူးအောက်ရှိသော စကပ် သို့မဟုတ် ဘောင်းဘီရှည်နှင့် လည်ဟိုက်/ လက်ပြတ်/ခါးတို မဟုတ်သည့်အင်္ကျီ။

          (ခ)     ပြည်တွင်းရတနာကုန်သည်များ။      အောက်ပါအတိုင်းဖြစ်သည် –

                    (၁)     အမျိုးသား။            တိုက်ပုံအင်္ကျီ နှင့် ပုဆိုး (ပြပွဲစတင် ကျင်းပသည့် နေ့ရက်)၊ လည်ကတုံးရှပ်အင်္ကျီ အဖြူလက်ရှည်နှင့် ပုဆိုး သို့မဟုတ် ကော်လံပါရှပ်အင်္ကျီ လက်ရှည်(အဖြူ သို့မဟုတ် အရောင်ဖျော့)နှင့် အားကစားဝတ်စုံမဟုတ်သည့် ဘောင်းဘီရှည်(ကျန်နေ့ရက်များ)၊

                    (၂)      အမျိုးသမီး။            မြန်မာ့ရိုးရာဝတ်စုံ သို့မဟုတ် လုံချည်/ဒူးအောက် ရှိသော စကပ်/ ဘောင်းဘီရှည်နှင့် လည်ဟိုက်/ လက်ပြတ် /ခါးတို မဟုတ်သည့် အင်္ကျီ။

          (ဂ)     ကျောက်အတွဲထိန်းသိမ်းသူများ။              ကျောက်အတွဲထိန်းသိမ်းသူ အမျိုးအစား အလိုက် သတ်မှတ်ထားသည့် တူညီဝတ်စုံ။ (ကော်လံပါ အင်္ကျီလက်ရှည် (အဖြူ)၊ ဘောင်းဘီရှည် (အနက်)နှင့် ရှူးဖိနပ်။)

ကိုယ်စားလှယ်လွှဲအပ်ဆောင်ရွက်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ

၄၇။    ပြည်ပရတနာကုန်သည်များအနေဖြင့် အောက်ဖော်ပြပါ ရတနာပြပွဲဆိုင်ရာလုပ်ငန်းများ အတွက် ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိပါက ပြည်တွင်းရှိ သက်ဆိုင်ရာအကျိုးဆောင်ကုမ္ပဏီသို့ ကိုယ်စားလှယ် လွှဲအပ်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ကိုယ်စားလှယ်လွှဲအပ်ထားရှိမှုကို ပြည်ပ ရတနာကုန်သည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ပြည်တွင်းအကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ တရားဝင်စာဖြင့် မပျက်မကွက် တင်ပြရမည် –

          (က)    အာမခံစပေါ်ငွေပေးသွင်းခြင်း၊

          (ခ)     ဝင်ခွင့်ကတ်ပြုလုပ်ခြင်း၊

          (ဂ)     ကျောက်အတွဲများ ဝယ်ယူခွင့်မရရှိသဖြင့် အာမခံစပေါ်ငွေ ပြန်လည်ထုတ် ယူခြင်း၊

          (ဃ)    အာမခံစပေါ်ငွေ လွှဲပြောင်းသုံးစွဲခြင်း၊

          (င)     ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေခြင်း၊

          (စ)     တန်ဖိုးငွေ အပြည့်ပေးချေပြီးသော ကျောက်အတွဲများကို သက်ဆိုင်ရာနိုင်ငံသို့ တင်ပို့ခြင်း။

၄၈။    ပြည်တွင်းရတနာကုန်သည်များအနေဖြင့် အောက်ဖော်ပြပါ ရတနာပြပွဲဆိုင်ရာလုပ်ငန်းများ အတွက် ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိပါက ဆောင်ရွက်လိုသည့် အကြောင်းအရာကို ဖော်ပြ၍ ကိုယ်စားလှယ် လွှဲအပ်ထားကြောင်း တင်ပြစာနှင့် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ထားသော အထူးကိုယ်စားလှယ်လွှဲစာ (Special Power)တို့ဖြင့်သာ ဆောင်ရွက် ရမည် –

          (က)    အာမခံစပေါ်ငွေပေးသွင်းခြင်း၊

          (ခ)     ဝင်ခွင့်ကတ်ပြုလုပ်ခြင်း၊

          (ဂ)     ကျောက်အတွဲများ ဝယ်ယူခွင့်မရရှိသဖြင့် အာမခံစပေါ်ငွေ ပြန်လည်ထုတ် ယူခြင်း၊

          (ဃ)    အာမခံစပေါ်ငွေ လွှဲပြောင်းသုံးစွဲခြင်း၊

          (င)     ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေခြင်း၊

          (စ)     တန်ဖိုးငွေ အပြည့်ပေးချေပြီးသော ကျောက်အတွဲများကို ထုတ်ယူခြင်း။

၄၉။    ကျောက်အတွဲတင်ပြရောင်းချသူများအနေဖြင့် အောက်ဖော်ပြပါရတနာပြပွဲဆိုင်ရာလုပ်ငန်းများ အတွက် ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိပါက ဒါရိုက်တာ သို့မဟုတ် အမှုဆောင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ထားသူတစ်ဦးဦးကို သတ်မှတ်တာဝန်ပေးအပ်ထားရှိရမည်။ ထိုသို့ တာဝန်ပေးအပ်ထားရှိမှုကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ တရားဝင်စာဖြင့် မပျက်မကွက် တင်ပြရမည် –

          (က)    တင်ပြရောင်းချသော ကျောက်အတွဲများနှင့်စပ်လျဉ်း၍ ပြပွဲကာလအတွင်း အရောင်း အဝယ်စာချုပ် ချုပ်ဆိုခြင်းနှင့်ဝယ်ယူသူရတနာကုန်သည်သို့ ပြသခြင်း၊

          (ခ)     ညှိနှိုင်းဖြေရှင်းရန်ကိစ္စရပ်များ ပေါ်ပေါက်လာပါက ညှိနှိုင်းဖြေရှင်းခြင်း၊

          (ဂ)     မရောင်းချရသည့် ကျောက်အတွဲများ၊ အရောင်းအဝယ်ပျက်သည့် ကျောက်အတွဲများ ပြန်လည်ထုတ်ယူခြင်း။

 

နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ

လိုက်နာဆောင်ရွက်ရန် ဖြည့်စွက်စည်းကမ်းသတ်မှတ်ချက်များ

ကျောက်အတွဲဝယ်ယူသူများ

၅၀။    နိုင်ငံသား ကျောက်မျက်ရတနာကုန်သည်များကို အောက်ပါစည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်၍ ရတနာပြပွဲသို့ တက်ရောက်ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်အတွဲများ ဝယ်ယူခွင့် ပြုမည် –

          (က)    မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ် ရန် ခွင့်ပြုမိန့်ရရှိခဲ့သည့် ကုမ္ပဏီ၊ အသင်းများ၊ လိုင်စင်ရရှိသူများ၊ မြန်မာနိုင်ငံကုမ္ပဏီ များဥပဒေနှင့်အညီ မှတ်ပုံတင်ထားသူများကို တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး (၃)ရက် အတွင်း ကျန်းမာရေးစစ်ဆေးထားသည့် ကိုဗစ် – ၁၉ ရောဂါကင်းရှင်းကြောင်း အထောက်အထား (မူရင်း)ကိုလည်း တင်ပြနိုင်သူဖြစ်ရမည်။

          (ခ)     သတ်မှတ်အာမခံစပေါ်ငွေ ပေးသွင်းထားသည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် ကုမ္ပဏီ၊ အသင်းများအား ကျောက်မျက်အတွဲများနှင့် (A)၊ (B)၊ (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအားလုံးကို ဝယ်ယူခွင့်ပြုပါမည်။

          (ဂ)     သတ်မှတ်အာမခံစပေါ်ငွေ ပေးသွင်းထားသည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် အညီ လိုင်စင်ရရှိသူများအား အောက်ပါအတိုင်း ဝယ်ယူခွင့်ပြုပါမည် –

                    (၁)     ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်း လိုင်စင် သို့မဟုတ် ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်ရယူထားသူများအား ကျောက်မျက်အတွဲများ၊ (A)၊ (B)အုပ်စုမှ ကျောက်စိမ်းအတွဲများနှင့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ပြုပါမည်၊

                    (၂)      ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်ရယူ ထားသူများအား (C)အုပ်စုမှ ကျောက်စိမ်းအတွဲများကိုသာ ဝယ်ယူခွင့်ပြုပါမည်။

          (ဃ)    ကျောက်အတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ဝယ်ယူကြမည့် နိုင်ငံသားရတနာ ကုန်သည်များသည် အာမခံစပေါ်ငွေကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ အာမခံစပေါ်ငွေစာရင်းသို့ ပေးသွင်း ရမည်။

          (င)     ပြပွဲတက်ရောက်ရန် ဝင်ကြေးငွေများကို ပြပွဲဗဟိုကော်မတီက ဖွင့်လှစ်ထားရှိသည့် ဘဏ်စာရင်းအမှတ်သို့ ကြိုတင်ပေးသွင်းရမည်။

          (စ)     သတ်မှတ်ထားသည့် အာမခံစပေါ်ငွေပေးသွင်းပြီးမှသာ ကျောက်အတွဲများ ဝယ်ယူခွင့် ပြုမည်ဖြစ်ပြီး အာမခံစပေါ်ငွေပေးသွင်းခြင်းနှင့်ပတ်သက်၍ ပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် အာမခံစပေါ်ငွေပေးသွင်းခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်ရမည်။

အာမခံစပေါ်ငွေပေးသွင်းခြင်း၊ ခုနှိမ်ပေးချေခြင်းနှင့် ပြန်လည်ထုတ်ယူခြင်း

၅၁။    ကျောက်မျက်နှင့်(A,B)အုပ်စုမှ ကျောက်စိမ်းအတွဲများဝယ်ယူမည့် ပြည်တွင်းရတနာကုန်သည် များအနေဖြင့် အာမခံစပေါ်ငွေကို အမေရိကန်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးသွင်း ရမည်ဖြစ်ပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများဝယ်ယူမည့် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းရမည်။

၅၂။     အာမခံစပေါ်ငွေကို အမေရိကန်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးသွင်းရာတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် “အာမခံစပေါ်ငွေပေးသွင်းရ မည့်ငွေလဲလှယ်နှုန်း”ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး ကျောက်မျက်နှင့် (A,B)အုပ်စုမှ ကျောက်စိမ်းအတွဲ များကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် “ကျောက်တန်ဖိုးငွေ ပေးချေရမည့် ငွေလဲလှယ်နှုန်း”ဖြင့် ပြန်လည်သတ်မှတ်၍ ဝယ်ယူခွင့်ပြုမည်။

၅၃။    အာမခံစပေါ်ငွေအား အမေရိကန်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးသွင်းရာတွင် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ ငွေစာရင်း သို့ သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းရန်ဖြစ်ပြီး ငွေပေးသွင်းပြီးကြောင်း အထောက်အထား ပြေစာ (မူရင်း)ကို အာမခံစပေါ်ငွေ လက်ခံရေးအဖွဲ့ထံ မပျက်မကွက် အချိန်မီအပ်နှံရမည်။

၅၄။    ပေးသွင်းထားသည့် အာမခံစပေါ်ငွေမှ ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲအတွက် (၁၀) ရာခိုင်နှုန်းတန်ဖိုးငွေပေးသွင်းပြီး ကျန်ငွေကို ကျောက်တန်ဖိုးငွေပေးချေရာတွင် ခုနှိမ်ပေးချေခွင့်ပြု မည်။ ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲအတွက် (၁၀)ရာခိုင်နှုန်း တန်ဖိုးငွေပေးသွင်းပြီး ကျန်ငွေ နှင့် ဝယ်ယူခွင့် မရရှိသည့် ရတနာကုန်သည်များ၏ အာမခံစပေါ်ငွေများ ပြန်လည်ထုတ်ယူခြင်းကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ပြုမည်။

၅၅။    အာမခံစပေါ်ငွေများ ပြန်လည်ထုတ်ယူခြင်းကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ပြု ပါမည်။

ဝယ်ယူခဲ့သော ကျောက်အတွဲများအတွက် ငွေပေးချေခြင်း

၅၆။    ဝယ်ယူခွင့်ရရှိခဲ့သော ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် အောက်ပါ စည်းကမ်းသတ်မှတ်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည် –

          (က)    ဝယ်ယူသူသည် ကျောက်မျက်အတွဲများအတွက် (၉၀)ရာခိုင်နှုန်းတန်ဖိုးငွေကို မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသော “ကျောက်တန်ဖိုးငွေ ပေးချေရမည့် ငွေလဲလှယ်နှုန်း”ဖြင့်တွက်ချက်ထားသည့် အမေရိကန်ဒေါ်လာနှင့်ညီမျှ သော မြန်မာကျပ်ငွေဖြင့်ပေးသွင်းရမည်။

          (ခ)     ဝယ်ယူသူသည် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် (၉၀)ရာခိုင်နှုန်းတန်ဖိုးငွေ ကို မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ (B)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် (၉၀) ရာခိုင်နှုန်းတန်ဖိုးငွေကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ် ထားသော “ကျောက်တန်ဖိုးငွေပေးချေရမည့်ငွေလဲလှယ်နှုန်း”ဖြင့် တွက်ချက်ထားသည့် အမေရိကန်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးသွင်းရမည်။

          (ဂ)     ဝယ်ယူသူသည် (A)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် (၁၀၀)ရာခိုင်နှုန်းတန်ဖိုးငွေ ကို အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသော “ကျောက်တန်ဖိုးငွေပေးချေရမည့်ငွေလဲလှယ်နှုန်း”ဖြင့် တွက်ချက် ထားသည့် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေဖြင့် ပေးချေရမည်ဖြစ်ပြီး ငွေအပြည့်ပေးချေပြီးပါက ပေးသွင်းထားသည့် အာမခံစပေါ်ငွေကို ပြန်လည်ထုတ်ယူခွင့်ပြုမည်။

           (ဃ)   ဝယ်ယူသူသည် ကျောက်မျက်အတွဲများနှင့် (B)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို မြန်မာကျပ်ငွေအပြင် အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာ့ကျောက် မျက်ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသော “ကျောက်တန်ဖိုးငွေပေးချေရ မည့် ငွေလဲလှယ်နှုန်း”ဖြင့် တွက်ချက်ထားသည့် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေဖြင့်လည်း ပေးချေနိုင်ပါသည်။

          (င)     ပေးသွင်းထားသော အာမခံစပေါ်ငွေစာရင်းမှ စာရင်းလွှဲပြောင်းပေးခြင်းကို ဆောင်ရွက် ပေးမည်။

          (စ)     ကျောက်အတွဲတန်ဖိုးကို ငွေလွှဲစာတမ်း ဖွင့်လှစ်၍ ပေးချေခြင်း၊ ခရီးသွားချက် လက်မှတ်၊ ပုဂ္ဂလိကချက်လက်မှတ်၊ ဘဏ်ငွေလွှဲလက်မှတ်နှင့် အကြွေးကတ်ဖြင့် ပေးချေခြင်းများကို လက်မခံပါ။

          (ဆ)    ရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲများအတွက် တန်ဖိုး ငွေများကို သတ်မှတ်ကာလ ရက်ပေါင်း(၉၀)အတွင်း ပေးချေရမည်။

          (ဇ)     သတ်မှတ်ကာလအတွင်းပေးချေခြင်းမရှိပါက ကျောက်အတွဲအတွက် ပေးသွင်းထား သော အာမခံစပေါ်ငွေ (၁၀)ရာခိုင်နှုန်းတန်ဖိုးငွေနှင့် ကျောက်အတွဲအမှတ် ဖော်ပြ၍ ပေးသွင်းထားသောငွေများကို သိမ်းယူမည့်အပြင် ပေးချေရန် ကျန်ရှိသည့် အတွဲရာခိုင် နှုန်းနှင့် တန်ဖိုးအပေါ်မူတည်၍ နောက်ဆက်တွဲပါအတိုင်း ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူ ခွင့်ပိတ်ပင်မည်။

ကျောက်အတွဲတင်ပြရောင်းချသူများ

၅၇။    နိုင်ငံသားကျောက်မျက်ရတနာကုန်သည်များကို အောက်ပါစည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်၍ ရတနာပြပွဲတွင် ကျောက်အတွဲများ တင်ပြရောင်းချခွင့်ပြုပါမည် –

          (က)    မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေ နှင့်အညီ ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုမိန့် ရယူလုပ်ကိုင်ခဲ့ သည့် ကုမ္ပဏီနှင့်အသင်းများ၊ လိုင်စင်ရရှိသူများကို တင်ပြရောင်းချခွင့်ပြုပါမည်။

          (ခ)     ရတနာပြပွဲတွင် ကျောက်အတွဲ တင်ပြရောင်းချမည့် ကုမ္ပဏီ/အသင်း၊ လိုင်စင်ရရှိသူ များသည် ကျောက်အတွဲများတင်ပြရန် လာရောက်အပ်နှံသည့်အခါ အောက်ပါ အထောက်အထားများကို ပူးတွဲတင်ပြရမည် –

                    (၁)     ရတနာပြပွဲတွင် ဝယ်ယူခဲ့သည့် ကျောက်အတွဲဖြစ်ပါက အရောင်းအဝယ် စာချုပ် မူရင်း/မိတ္တူမှန်၊

                    (၂)      ပြင်ပဈေးကွက်တွင် ဝယ်ယူခဲ့ပါက ဝယ်ယူသည့် ကျောက်အတွဲအတွက် တွင်းဝခွန် ပေးဆောင်ခဲ့သည့် အထောက်အထား (ပုံစံ မ.က.လ (၁၄) မိတ္တူမှန်)၊

                    (၃)     ကျောက်အတွဲအရေအတွက်၊ အလေးချိန်များ မှန်ကန်မှုရှိကြောင်းနှင့် တင်ပြ သည့် ကျောက်အတွဲနှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက တာဝန်ယူဖြေရှင်းမည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်။

          (ဂ)     ကျောက်အတွဲများ တင်ပြရောင်းချမည့် နိုင်ငံသားရတနာကုန်သည်များသည် ကုမ္ပဏီ၊ အသင်းအမည်ဖြင့် တင်ပြရောင်းချခြင်းဖြစ်ပါက တင်ပြရောင်းချသည့် ကုမ္ပဏီ၊ အသင်း အမည်ဖြင့်လည်းကောင်း၊ ရတနာဆိုင်အမည်ဖြင့် တင်ပြရောင်းချပါက လိုင်စင်ရရှိသူ အမည်ဖြင့်လည်းကောင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)တွင်ဖြစ်စေ၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တွင်ဖြစ်စေ၊ မြန်မာ့စီးပွားရေး ဘဏ်(MEB)တွင်ဖြစ်စေ၊ နိုင်ငံတော်အစိုးရက တရားဝင်ခွင့်ပြုသည့် ဘဏ်များတွင် ဖြစ်စေ နိုင်ငံခြားငွေဘဏ်စာရင်းနှင့် မြန်မာကျပ်ငွေစာရင်း ဖွင့်လှစ်ထားရှိရမည်။

          (ဃ)    ပြပွဲတက်ရောက်ရန် ဝင်ကြေးငွေများကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ က ဖွင့်လှစ်ထားရှိသည့် ဘဏ်စာရင်းအမှတ်သို့ ကြိုတင်ပေးသွင်းရမည်။

          (င)     ကျောက်အတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ပြပွဲ ဗဟိုကော်မတီက သတ်မှတ်ထားသည့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းစည်း ကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်။

          (စ)     ကျောက်အတွဲများ ရောင်းချရာတွင် ဝယ်ယူသူရတနာကုန်သည်က အာမခံစပေါ်ငွေ လုံလောက်မှုမရှိပါက အာမခံစပေါ်ငွေ လုံလောက်စွာပေးသွင်းထားသူများအနက်မှ ဈေးနှုန်းအများဆုံးပေးသွင်းသူကို ရောင်းချမည်ဖြစ်ရာ ကျောက်အတွဲများကို အမှန် တကယ် ရောင်းချနိုင်မည့် အမြင့်ဆုံးဈေးနှုန်းအား အခြေခံဈေးနှုန်းအဖြစ် သတ်မှတ် တင်ပြရမည်။

          (ဆ)    ရောင်းချရရှိသည့် ကျောက်အတွဲများအတွက် အရောင်းအဝယ်စာချုပ် (Sale Agreement) တွင် တင်ပြရောင်းချသူ သို့မဟုတ် တင်ပြရောင်းချသူက တရားဝင်ကိုယ်စားလှယ်လွှဲ အပ်ခြင်းခံရသူက Seal တံဆိပ်ရိုက်နှိပ်၍ မပျက်မကွက် လက်မှတ်ရေးထိုးကြရမည်။ အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်ရေးထိုးခြင်းမပြုခဲ့ပါက အရောင်းအဝယ်စာချုပ် တွင် လက်မှတ်ရေးထိုးပြီးသကဲ့သို့သတ်မှတ်မည်။ အရောင်းအဝယ်စာချုပ်ပါ စည်းကမ်း သတ်မှတ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။

          (ဇ)     ရောင်းချပြီး ကျောက်အတွဲများအား ပြပွဲကာလအတွင်း ဝယ်ယူသူက အရောင်း အဝယ်စာချုပ်တွင် လက်မှတ်ရေးထိုးပြီး ပြန်လည်ကြည့်ရှုလိုပါက ပြသနိုင်ရန် တင်ပြ ရောင်းချသူက စီစဉ်ဆောင်ရွက်ပေးရမည်။

          (ဈ)     တင်ပြရောင်းချသော ကျောက်အတွဲများနှင့်စပ်လျဉ်း၍ ပြပွဲကာလအတွင်း အရောင်း အဝယ်စာချုပ် ချုပ်ဆိုခြင်း၊ ဝယ်ယူသူရတနာကုန်သည်သို့ ပြသခြင်း၊ ညှိနှိုင်းဖြေရှင်းရန် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ညှိနှိုင်းဖြေရှင်းခြင်းတို့ ဆောင်ရွက်နိုင်ရန် တင်ပြ ရောင်းချသူကိုယ်တိုင် သို့မဟုတ် ဒါရိုက်တာ သို့မဟုတ် အမှုဆောင် သို့မဟုတ် တရားဝင် ကိုယ်စားလှယ်လွှဲအပ်ထားသူ တစ်ဦးဦးကို သတ်မှတ်တာဝန်ပေးထားရှိ ရမည်။ ရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ နှင့် ဆက်သွယ်ဆောင်ရွက်ရမည်။

          (ည)    ပြပွဲတွင် တင်ပြရောင်းချသည့် ကျောက်အတွဲများ၏ အမျိုးအစား၊ အရည်အသွေး၊ အလေးချိန်၊ အရေအတွက်တို့ကို တာဝန်ယူရမည်။

          (ဋ)     ပြပွဲကာလအတွင်း ခင်းကျင်းပြသထားသော ကျောက်အတွဲမှ ကျောက်စိမ်းတုံးများ ကျိုးပဲ့ခြင်း၊ ကွဲအက်ခြင်းဖြစ်ပေါ်ပါက တင်ပြရောင်းချသူ၏ တာဝန်သာဖြစ်ပြီး တင်ပြ ရောင်းချသူက အသိပေးကြေညာချက်ကို အချိန်မီထုတ်ပြန်ပေးရမည်။

          (ဌ)     ပြပွဲကျင်းပရာဝင်းအတွင်း စတင်ခင်းကျင်းချိန်မှစ၍ ကျောက်အတွဲများ၏ လုံခြုံရေး၊ ပျောက်ရှမှု၊ မှားယွင်းမှု၊ ရောထွေးမှုမရှိစေရေး၊ သတ်မှတ်ချိန်အတွင်း ခင်းကျင်းပြသ ရောင်းချနိုင်ရေးနှင့် ထုပ်ပိုးတင်ပို့ရေးတို့ကို တင်ပြရောင်းချသူက အောက်ပါအတိုင်း တာဝန်ယူ ဆောင်ရွက်ရမည် –

                    (၁)     တင်ပြရောင်းချမည့် ကျောက်အတွဲများ၏ အရေအတွက်၊ အရည်အသွေး၊ အရွယ်အစားအရ လုံလောက်သော ကျောက်တွဲထိန်းသိမ်းသူအရေအတွက်ကို ထားရှိရမည်၊

                    (၂)      ကျောက်အတွဲထိန်းသိမ်းသူများသည် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အကြိမ်အရေအတွက်အတိုင်း ထိုးနှံပြီးစီးသူများ ဖြစ်ရမည့်အပြင် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထား(မူရင်း)နှင့် (၃)ရက် အတွင်း ကျန်းမာရေးစစ်ဆေးထားသည့် ကိုဗစ် – ၁၉ ရောဂါကင်းရှင်းကြောင်း အထောက်အထား(မူရင်း)ကိုလည်း တင်ပြနိုင်သူဖြစ်ရမည်၊

                    (၃)     ကျောက်တွဲထိန်းသိမ်းသူများ၏ အမည်၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ လိုင်စင် ဓာတ်ပုံတို့ကို သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြရမည်၊

                    (၄)     ကျောက်တွဲထိန်းသိမ်းသူ အမျိုးအစားအလိုက် သတ်မှတ်ထားသည့် တူညီ ဝတ်စုံဝတ်ဆင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သတ်မှတ်ဝတ်စုံ ဝတ်ဆင် ထားခြင်းမရှိပါက ကျောက်ခင်းကွင်းနယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါ၊

                    (၅)     ကျောက်အတွဲထိန်းသိမ်းသူများက ပြပွဲကာလအတွင်း ကျောက်အတွဲများကို သတ်မှတ်ချိန်၊ သတ်မှတ်နေရာများတွင် နေ့စဉ်ခင်းကျင်းပြသနိုင်ရေး စီစဉ် ဆောင်ရွက်ရမည်၊

                    (၆)     တင်ပြရောင်းချသည့် ကျောက်အတွဲအလိုက် အမျိုးအစား၊ အရေအတွက်များ ကို အခြားကျောက်အတွဲများ၏ အမျိုးအစား၊ အရေအတွက်များနှင့် မှားယွင်းမှု၊ ရောနှောမှု၊ လျော့နည်းမှု၊ ပျောက်ဆုံးမှု မရှိစေရေး ကျောက်အတွဲထိန်းသိမ်းသူ များအား အချိန်ပြည့်တာဝန်ယူ စောင့်ကြပ်စေရမည်၊

                    (၇)     တစ်နေ့တာ ခင်းကျင်းပြသ ရောင်းချပြီးပါက ကျောက်အတွဲများ၏ အမျိုး အစား၊ အရေအတွက်များကို ပြန်လည်စစ်ဆေး၍ စနစ်တကျ သိမ်းဆည်းရ မည်။ ကိုက်ညီ မှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာ ကျောက်ခင်းကွင်းနယ်မြေမှူး သို့မဟုတ် တာဝန်ခံအရာရှိထံ သတင်းပို့ အကြောင်းကြားရမည်။

                    (၈)     နောက်တစ်နေ့ နံနက်ရောက်ချိန်တွင် လက်ရာပျက်မပျက်နှင့် ကျောက်အတွဲ များ လျော့နည်းမှု၊ ပျောက်ဆုံးမှု ရှိ/မရှိ၊ အမျိုးအစား၊ အရေအတွက် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးရမည်။

                    (၉)     မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် ပြပွဲတက်ရောက်ခွင့် ပိတ်ပင်ထားသူများ၊ ပြပွဲဝင်ရောက်ခွင့်မရှိသူများကို ကျောက်အတွဲထိန်းသိမ်းသူအဖြစ် ဝင်ရောက် ခွင့်ရရှိရေး ဆောင်ရွက်ပေးခြင်းမပြုရ။

          (ဍ)     ကွဲနိုင်သော လျှိုနာအက်ကြောင်းပါ ကျောက်တုံးများကို ပြပွဲပြီးဆုံးပြီးနောက် သိမ်း ဆည်းခြင်း၊ ရွှေ့ပြောင်းခြင်း ဆောင်ရွက်ရာတွင် တင်ပြရောင်းချသူကိုယ်တိုင် ကြီးကြပ် ပူးပေါင်း ဆောင်ရွက်ရမည်။

          (ဎ)     ပြပွဲပြီးဆုံးပါက ရောင်းချရခြင်းမရှိသော ကျောက်အတွဲများကို သတ်မှတ်ကာလ အတွင်း ထုတ်ယူရမည်။ သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်းမပြုပါက ပြပွဲဗဟို ကော်မတီသို့ တင်ပြပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်။

          (ဏ)   ရောင်းချရသော ကျောက်အတွဲများ ငွေရရှိပါက ဝယ်ယူသူသို့ ထုတ်ပေးခွင့်ပြုပါရန် ရောင်းချသူက တရားဝင်စာဖြင့် တင်ပြရမည်။ တင်ပြစာတွင် ကုမ္ပဏီများအနေဖြင့် ဒါရိုက်တာတစ်ဦးဦးကလည်းကောင်း၊ သမဝါယမအသင်းဖြစ်ပါက ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်တစ်ဦးဦးကလည်းကောင်း၊ လိုင်စင်ရရှိသူဖြစ်ပါက လိုင်စင်ရရှိသူကိုယ်တိုင် လည်းကောင်း လက်မှတ်ရေးထိုးရမည်။ အမေရိကန်ဒေါ်လာ(၁)သန်းနှင့်အထက် ရောင်းချရသော ကျောက်အတွဲများအတွက် ဝယ်ယူသူသို့ ထုတ်ပေးခွင့်ပြုရန် တင်ပြ ရောင်းချသူကိုယ်တိုင် လာရောက်လျှောက်ထားရမည်။

          (တ)    ငွေပေးချေပြီး ကျောက်အတွဲများကို ပြည်တွင်းရတနာကုန်သည်များသို့ ထုတ်ပေးရာ တွင်လည်းကောင်း၊ လေကြောင်းခရီး၊ ရေကြောင်းခရီး၊ ကုန်းလမ်းခရီးဖြင့် ပြည်ပသို့ တင်ပို့နိုင်ရန် ထုပ်ပိုးချိန်တွင်လည်းကောင်း ကျောက်အတွဲပိုင်ရှင် သို့မဟုတ် တရားဝင် ကိုယ်စားလှယ်လွှဲအပ်သူ၊ တင်ပို့မည့် အကျိုးဆောင် ကုမ္ပဏီ၏ တာဝန်ခံ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်သူ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်တို့နှင့်အတူ ဖွင့်ဖောက်၊ စစ်ဆေး၊ ချိန်တွယ်အပ်နှံထုပ်ပိုးရမည်။ ဖွင့်ဖောက်၊ စစ်ဆေး၊ ချိန်တွယ် ဆောင်ရွက်စဉ် အရေအတွက်၊ အလေးချိန် လျော့နည်းကွာခြားမှုရှိပါက တင်ပြရောင်း ချသူကသာ တာဝန်ယူညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရမည်။

          (ထ)    မရောင်းချရသည့် ကျောက်အတွဲများ ထုတ်ယူရန် တင်ပြသည့်အခါဖြစ်စေ၊ ရောင်းချရ သည့် ကျောက်အတွဲများ ထုတ်ယူရန် တင်ပြသည့်အခါဖြစ်စေ၊ အရောင်းအဝယ်ပျက် သည့် ကျောက်အတွဲများထုတ်ယူရန် တင်ပြသည့်အခါဖြစ်စေ လျှောက်လွှာများကို ကုမ္ပဏီ သို့မဟုတ် အသင်း၏ မူရင်းတံဆိပ်အမှတ် အသားပါ တရားဝင်စာဖြင့်သာ ရေးသားတင်ပြရမည်။ လိုင်စင်ရရှိသူများအနေဖြင့် တင်ပြစာတွင် သက်ဆိုင်ရာ လိုင်စင် အလိုက် မူရင်းတံဆိပ်အမှတ်အသားပါတရားဝင်စာဖြင့် ရေးသားတင်ပြရမည်။

          (ဒ)     လျှောက်လွှာတွင် ဒါရိုက်တာ၊ ဥက္ကဋ္ဌ၊ အမှုဆောင် သို့မဟုတ် လိုင်စင်ရရှိသူ ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။ ကိုယ်စားလှယ်က လက်မှတ်ရေးထိုး တင်ပြခြင်း မပြုရ။ လက်မှတ်ရေးထိုးသူပုဂ္ဂိုလ်တွင် ကိုယ်ပိုင် Seal တံဆိပ် ပါရှိရမည်။

          (ဓ)     ရောင်းချရသည့် ကျောက်အတွဲများ၊ မရောင်းချရသည့် ကျောက်အတွဲများ၊ အရောင်း အဝယ်ပျက်သည့် ကျောက်အတွဲများ ပြန်လည်ထုတ်ယူရာတွင် ဒါရိုက်တာ၊ ဥက္ကဋ္ဌ၊ အမှုဆောင်၊ လိုင်စင်ရရှိသူကိုယ်တိုင် သို့မဟုတ် တရားဝင် ကိုယ်စားလှယ်လွှဲအပ်ထား သူကိုယ်တိုင် လာရောက်ထုတ်ယူရမည်။

          (န)     ဝယ်ယူသူက တန်ဖိုးငွေ အမြန်ဆုံးပေးချေရေးအတွက် တင်ပြရောင်းချသူအနေဖြင့် ဆက်သွယ်တောင်းခံနိုင်သည်။

          (ပ)    တင်ပြရောင်းချသူသည် ရောင်းချပြီးသော ကျောက်အတွဲများနှင့်ပတ်သက်၍ သက် ဆိုင်ရာလုပ်ငန်းကော်မတီက လုပ်ငန်းလိုအပ်ချက်အရ ညှိနှိုင်းခေါ်ယူလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ပေးရမည်။

          (ဖ)     ရောင်းချရသော ကျောက်အတွဲများကို ငွေပေးချေရန် သတ်မှတ်ကာလ ရက်ပေါင်း (၉၀) အတွင်း ပြန်လည်ထုတ်ယူခွင့်မပြုပါ။

          (ဗ)     ရက်ပေါင်း(၉၀) ကျော်လွန်သော်လည်း ပြပွဲဗဟိုကော်မတီက ငွေပေးချေရန် ကာလ တိုးမြှင့်သတ်မှတ်ပေးပါက ယင်းကာလအတွင်း ရောင်းချရသော ကျောက်အတွဲ အတွက် ဝယ်ယူသူက ငွေပေးချေခြင်းမပြုတော့ကြောင်း အထောက်အထားတစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိက ပြန်လည်ထုတ်ယူခွင့်မပြုပါ။

          (ဘ)    သတ်မှတ်ကာလအတွင်း ငွေပေးချေခြင်းမရှိ၍ အရောင်းအဝယ် ပျက်ပြယ်သော ကျောက်အတွဲများကို သတ်မှတ်ကာလအတွင်း အပြီးထုတ်ယူရမည်။

          (မ)     ကျောက်အတွဲရောင်းရငွေမှ အခွန် အခများ နုတ်ယူပြီး ကျန်ငွေကို တင်ပြ ရောင်းချ သည့် ကုမ္ပဏီ၊ အသင်း သို့မဟုတ် လိုင်စင်ရရှိသူ၏ Bank Account တစ်ခုတည်းသို့သာ လွှဲပြောင်းထည့်သွင်းပေးမည် ဖြစ်ပါသည်။

          (ယ)    ကျောက်အတွဲ ရောင်းချရငွေများကို တင်ပြရောင်းချသည့် ကုမ္ပဏီ၊ အသင်း သို့မဟုတ် လိုင်စင်ရရှိသူ၏ ငွေစာရင်းသို့ လွှဲပြောင်းထည့်သွင်းပေးရာတွင် စာရင်းလွှဲပြောင်းနည်း (Account Transfer)ဖြင့် လွှဲပြောင်းထည့်သွင်းပေးမည် ဖြစ်ပါသည်။

          (ရ)     ရောင်းချရငွေများ ထည့်သွင်းနိုင်ရန် တင်ပြသည့် လျှောက်လွှာများကို ကျောက်အတွဲ များ ရောင်းချရသည့်နေ့မှ ရက်သတ္တ(၂)ပတ်အတွင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထားရမည်။

          (လ)    ပြည်တွင်းအခွန်များဦးစီးဌာနတွင် ရောင်းချရငွေကြေညာလွှာ တင်သွင်းနိုင်ရေး အတွက် ခွဲဝေမှုဇယားများအား မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာနတွင် အမြန်ဆုံးထုတ်ယူရပါမည်။

၅၈။    ရတနာပြပွဲတွင် တင်ပြရောင်းချသည့် ကျောက်အတွဲများ ရောင်းရငွေအပေါ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ သတ်မှတ်ထားသည့် အခွန်အခ နှုန်းထားများအတိုင်း ပေးဆောင်ရမည်။

အထွေထွေ

၅၉။    ကျောက်အတွဲများရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့်ပတ်သက်၍ သဘာပတိအဖွဲ့နှင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များကို လက်ခံလိုက်နာ ဆောင်ရွက်ရမည်။

၆၀။    ရတနာပြပွဲကျင်းပရာ ခန်းမဝင်းအတွင်းသို့ ပြင်ပမှ ကျောက်မျက်ရတနာများကို ယူဆောင်လာ ခြင်းမပြုရ။

၆၁။    ငွေပေးချေရန် စည်းကမ်းသတ်မှတ်ချက်အရ ကျောက်အတွဲများ ဝယ်ယူခဲ့ပြီး ငွေပေးချေရန် ခွင့်ပြုသတ်မှတ်ပေးထားသည့် ရက်ပေါင်း (၉၀)ပြည့်သည်အထိ ငွေအကျေပေးချေခြင်းမရှိလျှင် ပေးသွင်းထားသည့် အာမခံစပေါ်ငွေ(၁၀)ရာခိုင်နှုန်းကို သိမ်းယူမည့်အပြင် ပေးချေရန် ကျန်ရှိသည့် အတွဲရာခိုင်နှုန်းနှင့် တန်ဖိုးအပေါ်မူတည်၍ နောက်ဆက်တွဲပါအတိုင်း ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူခွင့် ပိတ်ပင်မည်။

၆၂။     ပေးသွင်းထားသည့် အာမခံစပေါ်ငွေများ ပြန်လည်ထုတ်ယူရာတွင် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် အာမခံစပေါ်ငွေသုံးစွဲခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးမည်။

၆၃။    တန်ဖိုးငွေ အပြည့်အဝပေးချေပြီးသော ကျောက်အတွဲများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီ က ကျောက်အတွဲထိန်းသိမ်းထားရှိသည့်နေရာမှ ဝယ်ယူသူ ကိုယ်တိုင် သို့မဟုတ် ဝယ်ယူသူက တရားဝင် ကိုယ်စားလှယ်လွှဲအပ်ထားသူထံသို့ လွှဲပြောင်းပေးသည့်စနစ်ဖြင့် ထုတ်ပေးပါမည်။ တရားဝင်ကိုယ်စား လှယ်လွှဲအပ်ထားကြောင်း ဝယ်ယူသူကိုယ်တိုင် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ သို့ လာရောက်အတည်ပြုလက်မှတ်ရေးထိုးရပါမည်။

၆၄။    ကျောက်အတွဲဝယ်ယူသူ သို့မဟုတ် တင်ပြရောင်းချသူ နိုင်ငံသားကျောက်မျက်ရတနာ ကုန်သည်များသည် ပြပွဲဗဟိုကော်မတီ၏ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပျက် ကွက်ပါက ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူခွင့်၊ တင်ပြရောင်းချခွင့် ပိတ်ပင်ခြင်းအပါအဝင် သတ်မှတ် စည်းကမ်းများနှင့်အညီ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

 

 

 

 

 

 

 

 

 

နောက်ဆက်တွဲ

 

ငွေပေးချေရန်ပျက်ကွက်သည့် ကျောက်အတွဲရာခိုင်နှုန်းနှင့်တန်ဖိုးအပေါ်မူတည်၍

ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူခွင့် ပိတ်ပင်မည့် ပြစ်ဒဏ်သတ်မှတ်ချက်

 

စဉ်

ငွေပေးချေရန် ကျန်ရှိသည့်

ကျောက်အတွဲရာခိုင်နှုန်း/ ကျောက်တန်ဖိုး

ချမှတ်မည့်ပြစ်ဒဏ်

မှတ်ချက်

(၁)% မှ(၂၀)%ထိ

အာမခံစပေါ်ငွေသိမ်းယူခြင်း

 

(၂၀)% အထက်မှ

(၄၀)% ထိ

အာမခံစပေါ်ငွေသိမ်းယူခြင်း

ပြပွဲတက်ရောက်ခွင့် တင်ပြလာပါက ပြပွဲဗဟိုကော်မတီ၏  ခွင့်ပြုချက်ဖြင့် ကျောက်အတွဲတန်ဖိုး၏

၅ % ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်။

ကျောက်အတွဲရာခိုင်နှုန်း

(၄၀)% အထက်မှ

(၆၀)% ထိ (သို့မဟုတ်) ကျောက်အတွဲတန်ဖိုး US$(၄)သိန်းမှ(၆)သိန်းထိ

အာမခံစပေါ်ငွေသိမ်းယူခြင်း၊ ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူခွင့် (၁)ကြိမ်ပိတ်ပင်ခြင်း

ကျောက်အတွဲများအတွက် ငွေပေးချေရန် ပျက်ကွက်သည့် အကြောင်းအရင်းကို ကျိုးကြောင်းဆီလျော်စွာဖော်ပြပြီး ပြပွဲတက်ရောက်ခွင့် တင်ပြလာပါက ပေးချေရန်ကျန်ရှိသည့် ကျောက်အတွဲ အရေအတွက်ရာခိုင်နှုန်း နှင့် ကျောက်အတွဲ တန်ဖိုးအပေါ် မူတည်၍ ပြပွဲဗဟိုကော်မတီ၏ သုံးသပ်ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

ကျောက်အတွဲရာခိုင်နှုန်း

(၆၀)% အထက်မှ

(၈၀)% ထိ (သို့မဟုတ်)

ကျောက်အတွဲတန်ဖိုး

US$ (၆)သိန်းအထက်မှ (၈)သိန်းထိ

အာမခံစပေါ်ငွေသိမ်းယူခြင်း၊ ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူခွင့် (၂)ကြိမ်ပိတ်ပင်ခြင်း

ကျောက်အတွဲရာခိုင်နှုန်း

(၈၀)% အထက်မှ (၁၀၀)% ထိ သို့မဟုတ်

ကျောက်အတွဲတန်ဖိုး US$(၈)သိန်းအထက်

အာမခံစပေါ်ငွေသိမ်းယူခြင်း၊ ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူခွင့်(၃)ကြိမ်ပိတ်ပင်ခြင်း

 

Admin

Admin

Top