၂၀၂၃ခုနှစ်၊နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် အောက်တိုဘာ ၂၈

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု(C) မှ ကျောက်စိမ်း အသားကျောက် (၇၉၂)တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၇၇၉)တွဲ ရောင်းချရကြောင်း ကြေညာသည်။

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲအတွဲ (၃၀၀)တွင် ပုလဲအတွဲ (၃၀၀)နှင့် ကျောက်မျက်အတွဲ (၁၆၀) အနက်မှ ကျောက်မျက်အတွဲ ( ၇၃ )တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု(A)မှ ကျောက်စိမ်းအတွဲပေါင်း (၅၂၀) တွဲ ၊ အုပ်စု(B)မှ ကျောက်စိမ်းအတွဲပေါင်း (1733) တွဲနှင့် အုပ်စု(C)မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၉၂) တွဲ ၊ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း (၃၇၀၄) တွဲ ရောင်းချနိုင်ခဲ့သည်။     

ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားငွေရရှိရန်နှင့်  နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

 

Admin

Admin

Top