သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများအား ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူး လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ ၂၉-၁၂-၂၀၂၃ နေပြည်တော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများအား ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးလက်ဆောင် ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် သောကြာနေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လက်ထောက်အတွင်း ဝန်များနှင့် ပြည်ထောင်စုဝန်ကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် တို့က ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူး အမှာစကားများ ပြောကြားခဲ့ကြပြီး နှစ်သစ်ကူး လက်ဆောင်ပစ္စည်းများကို ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လက်ထောက်အတွင်းဝန်များနှင့် အရာရှိကြီးများမှ မဲနှိုက်ကံစမ်းပေးခဲ့ကြပါသည်။

ထိုသို့ မဲနှိုက်ကံစမ်းပေးရာတွင် အထူးဆုကြီး ၃ ဆု၊ ငွေသားဆု ၂ သိန်း၊ ၁ သိန်း၊ ၅ သောင်း၊ ၃ သောင်း၊ ၁ သောင်း၊ ၅ ထောင် ဆုများအပါအဝင် ပစ္စည်းဆုမဲပေါင်း ၂၁၉ ခုအား ကံစမ်းမဲစနစ်ဖြင့် ကျင်းပခဲ့ရာ ဝန်ထမ်း ၁၀၈ ဦးတို့မှ ပျော်ရွှင်ဝမ်းမြောက်စွာ ပါဝင်ဆင်နွဲခဲ့ကြပြီး နေ့လည် ၁၂:၀၀ နာရီအချိန်တွင် ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးလက်ဆောင် ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Admin

Admin

Top