အသိပေးအကြောင်းကြားခြင်း

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းလိုင်စင်များအနက် သက်တမ်းတိုး ဆောင်ရွက်ရန် ပျက်ကွက်မှု (၃ နှစ်အတွင်းရှိ) လုပ်ငန်းလိုင်စင်များ၏ ၃ နှစ် ဒဏ်ကြေးဖြင့် သက်တမ်းတိုး ဆောင်ရွက် ခွင့်ပြုရန် တင်ပြဆောင်ရွက်မှုများအား ၃၁-၃-၂၀၂၄ ရက်နေ့အထိသာ လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။

၂။       သို့ဖြစ်ပါ၍ သက်တမ်းတိုးဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိသည့် လိုင်စင်များအနေဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်လိုပါက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း သက်ဆိုင်ရာ ဌာနများတွင် ရုံးဖွင့်ရက်များအတွင်း အမြန်ဆုံးဆက်သွယ်၍ သက်တမ်းတိုး ဆောင်ရွက်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

မှတ်ချက်။      ၁-၄-၂၀၂၄ ရက်နေ့မှစ၍ သက်တမ်းတိုးရန် ပျက်ကွက်မှု (၂ နှစ်အတွင်းရှိ) လုပ်ငန်း လိုင်စင်များကိုသာ သတ်မှတ်ဒဏ်ကြေးဖြင့် လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ပြီး သက်တမ်းတိုး ပျက်ကွက်မှု ၂ နှစ်ကျော်လွန်သည့် လုပ်ငန်းလိုင်စင်များအား ပယ်ဖျက် ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

Admin

Admin

Top