သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ်-၁၉ ၏ ၂/၂၀၂၄ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကျင်းပ

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၂/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

          အခမ်းအနားသို့အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန် တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့် အခက်အခဲ များနှင့် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ အိမ်ရာ အဆောက်အဦ နေထိုင်ရေးဆိုင်ရာများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးမှု ဆိုင်ရာ အခြေအနေများ၊ အဆာက်အဦ လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေးနှင့် မီးဘေး အန္တရာယ်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် e-Government ကဏ္ဍ ဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ဌာနအကြီးအကဲများက ဆွေးနွေးမှုများ အပေါ် ပေါင်းစပ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင့် သိရှိရပါသည်။

Admin

Admin

Top