မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်း ပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲ ဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေများကိုလည်းကောင်း၊ ပြပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဉီးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4229-1-1024x629.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4226-1-1024x642.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4219-1-935x1024.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4217-961x1024.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4153-1024x618.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4181-1024x633.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4163-1024x607.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4170-1024x588.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4160-1024x621.jpg)
![](https://www.mining.gov.mm/wp-content/uploads/2024/04/KAT_4173-1024x584.jpg)