“Government eMail (EDMS) လုံခြုံစွာ အသုံးပြုနည်း၊ Government eMail Drive အသုံးပြုနည်း နှင့် GPMS အား စနစ်တကျသုံးစွဲနည်း” သင်တန်း ဖွင့်လှစ် နေပြည်တော် ၆-၅-၂၀၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ရုံးအမှတ်-၁၉) သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်သည့် “Government eMail (EDMS) လုံခြုံစွာအသုံးပြုနည်း၊ Government eMail Drive အသုံးပြုနည်း နှင့် GPMS အား စနစ်တကျသုံးစွဲနည်း” သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ (၆)ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၁၇ ဦး   တက်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းအား ၆-၅-၂၀၂၄ ရက်နေ့မှ ၁၇-၅-၂၀၂၄ ရက်နေ့ အထိ ရက်သတ္တ(၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Admin

Admin

Top