အာဆီယံဓာတ်သတ္တုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖွဲ့ online မှ ပါဝင် တက်ရောက်

အာဆီယံဒေသတွင်းဓာတ်သတ္တုဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်မှုရှိလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် အာဆီယံဓာတ်သတ္တုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နှစ်စဉ်အာဆီယံနိုင်ငံများမှ အင်္ဂလိပ် အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ကြီးမှူး၍ “(၈) ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံများ သတ္တုကဏ္ဍ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ တတိယအကြိမ် အာဆီယံ သတ္တုဆိုင်ရာ ဆုချီးမြှင့် ရွေးချယ်ရေးဘုတ်အဖွဲ့ အစည်းအဝေးများ နှင့် ဆက်စပ် အစည်းအဝေးများ” အား (၄-၁၀-၂၀၂၁) ရက်နေ့မှ (၈-၁၀-၂၀၂၁) ရက်နေ့အထိ Video Conferencing on Cisco Webex ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတ္တုတွင်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးခင်လတ်ကြီး ဉီးဆောင်၍ ဘူမိဗေဒ လေ့လာရေး နှင့် ဓာတ်သတ္တုရှာဖွေရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွှန့်  နှင့် တာဝန်ရှိသူများ  ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၈-၁၀-၂၀၂၁) ရက်နေ့ တွင်ကျင်းပခဲ့သည့် “(၈) ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေး၊သို့ ဗီယက်နမ် နိုင်ငံမှ  Minister of Natural Resources and Environment ဖြစ်သူ H.E. Dr. Tran Hong Ha   မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ASEAN Secretariat မှ Deputy Secretary-General for ASEAN Economic Community H.E. Satvinder Singh နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးများ တွင် အာဆီယံသတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်ရေးစီမံချက် Phase 2 (၂၀၂၁-၂၀၂၅) (ASEAN Mineral Cooperation Action Plan-AMCAP AMCAP – III, Phase 2 ) နှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံအသီးသီးအလိုက် တာဝန်ယူလုပ်ဆောင်မည့် Action Line များ၊  Outcome Based Strategies များ၊ Annual Milestone များနှင့် Work Plan များကို အသေးစိတ်ဆွေးနွေးခြင်း၊ အာဆီယံနှင့် မိတ်ဖက် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုးရီးယား ပါဝင်သည့် အာဆီယံ + ၃ နိုင်ငံများအပြင်  ASEAN Federation of Mining Association – AFMA, Coordinating Committee for Geoscience Programmes in East and Southeast Asia- CCOP, Intergovernmental Forum– IGF တို့နှင့် ပူးပေါင်း ဆောင်ရွက် မှု  အစီအစဉ်များအား အတည်ပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Minister Office

MinOff

Top