သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်

သတင်းစဉ်

နေပြည်တော် (၂၆.၆.၂၀၂၁)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များ ရှိရန်လို ကြောင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်း များကို အားပေးရန် လိုအပ်ကြောင်း၊ အားကစားများ ပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှုရှိမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်အထဲမှ လူမှုရေးဦးတည်ချက်(၃)ချက်အနက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် ဦးတည်ချက်လဲ ပါရှိပါကြောင်း၊ မိမိတို့ တစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနှင့် အဖွဲ့လိုက် လုပ်ဆောင်ရသည့် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားနည်းတွေဟာ တစ်ဦးချင်း ကျွမ်းကျင်မှု ရှိရမည့်အပြင် အသင်းအဖွဲ့နဲ့ကစားရသော ကစားနည်းများ ဖြစ်တာကြောင့် အားကစားသမားများ အနေဖြင့် အောင်အောင်မြင်မြင်၊ ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချမ်းမြေ့စွာ ပါဝင် ယှဉ်ပြိုင်ကြစေလိုပါကြောင်း၊ ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာကိုက ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စေရန်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိစေရန်နှင့် အားကစား စိတ်ဓာတ်ရှိစေရန် အဓိက ရည်ရွယ်ထားပါကြောင်း ပြောကြား ပါသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C)ရုံ တွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Admin

Admin

Top