သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

သတင်းစဉ်

နေပြည်တော် (၂၉.၆.၂၀၂၁)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးဌာန/လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲကို ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဘော်လီဘော (အမျိုးသား) ပထမဆုရ သစ်တောရေးရာ-B အသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆုဖလားနှင့် ငွေသားဆုငွေ ကျပ် ၃၀၀,၀၀၀/- ကို လည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) ပထမဆုရ သစ်တောဦးစီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ဆုဖလားနှင့် ငွေသားဆုငွေ ကျပ် ၃၀၀,၀၀၀/- ကို လည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး) ပထမဆုရ ပြည်ထောင်စုဝန်ကြီးရုံး (သစ်တောရေးရာ) အသင်းကို အမြဲတမ်း အတွင်းဝန် ဒေါက်တာညီညီကျော်က ဆုဖလားနှင့် ၃၀၀,၀၀၀/- ကို လည်းကောင်း၊ ပိုက်ကျော်ခြင်း အမျိုးသားနှင့် ဘော်လီဘော အမျိုးသား/ အမျိုးသမီး ဒုတိယဆု ငွေသားဆုငွေ ကျပ် ၂၀၀,၀၀၀/- တတိယဆု ငွေသားဆုငွေ ကျပ် ၁၀၀,၀၀၀/- နှင့်နှစ်သိမ့်ဆုများကို ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများက လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ ကြကြောင်း သိရှိရပါသည်။

Admin

Admin

Top