သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာန ၏ (၁၄) ကြီမ်‌မြောက် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲ

သတင်းစဉ်

နေပြည်တော် (၁၅-၂-၂၀၂၂)

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၁၁:၃၀) အချိန် တွင် နေပြည်တော် ရုံးအမှတ်-၁၉ တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ထမနဲထိုး ပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနနှင့် လုပ်ငန်းများအလိုက် ပျော်ရွှင်စွာ ထမနဲထိုးပြိုင်ပွဲဝင်နေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။

          ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က လည်းကောင်း၊ ဒုတိယဆု ရရှိသည့် အသင်းကို ဒုတိယဝန်ကြီး ဦးမင်းမင်းဦး က လည်းကောင်း၊ နှစ်သိမ့်ဆုနှင့် တတိယဆု ရရှိသော အသင်းများကို ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Minister Office

MinOff

Top