၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားတွင် ပြည်ထောင်စုအလံ‌ တော်သယ်ဆောင်ရေးအဖွဲ့၊ အလံ ကိုင်အဖွဲ့နှင့် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ တွင် ပါဝင်ခဲ့ကြသော ဝန်ထမ်းများအတွက်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား

သတင်းစဉ်

နေပြည်တော် (၁၃-၂-၂၀၂၂)

          ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စု အလံတော်သယ်ဆောင်ရေးအဖွဲ့၊ အလံကိုင်အဖွဲ့နှင့် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ တွင် ပါဝင်ခဲ့ကြသော ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ညနေ (၀၆:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကြီးတွင် ဝန်ကြီးဌာန၏ဂုဏ်ကိုဆောင်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုကဲ့သို့ အစဉ်အလာကောင်းများကို ထိန်းသိမ်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲဦးဆောင်ကော်မတီဥက္ကဋ္ဌ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် လူရွေးချယ်ခဲ့မှု အခြေအနေများ၊ လေ့ကျင့်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ပြီးနောက် စစ်ရေးပြတပ်ခွဲ တပ်ခွဲမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမင်းထွဋ်ဟန် က ဂုဏ်ပြုညစာစားပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဂုဏ်ပြုညစာစားပွဲ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး ၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဝန်ထမ်းများက ညစာကို အတူတကွ သုံးဆောင်ခဲ့ကြ ကြောင်းသိရှိရပါသည်။

Minister Office

MinOff

Top