သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် State-owned Enterprise (SOE) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်း အကောင် အထည်ဖော် နိုင်မှု အခြေအနေ

သတင်းစဉ်

နေပြည်တော် (၂၂.၂.၂၀၂၁)

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉) ရှိ အစည်းအဝေးခန်းမ၌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ သည့် State-owned Enterprise (SOE) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေ အနေ သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း(၅)ခု၏ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေသုံးသပ်ခြင်း အစည်းအဝေး ပြုလုပ်ရခြင်းမှာ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်း အကောင်အထည် ဖော်ရာတွင် ရငွေနှင့် သုံးငွေကို စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပိုမိုသုံးစွဲမှု ရှိ/မရှိ ပြန်လည် သုံးသပ်ရန်၊ အမှန်လိုအပ်ချက်ထက် ပိုလျှံသည့် ဝန်ထမ်းများ မရှိစေရေး ပိုမိုခန့်ထားခြင်းများ မဖြစ်စေ ရန်၊ မလိုအပ်သည့် အသုံးစရိတ်များ ချွေတာရေး စိစစ်ဆောင်ရွက် ရန်၊ ကုန်ထုတ်လုပ်မှုဆောင်ရွက်ရာတွင် တန်ဖိုးမြှင့် ထုတ်ကုန်များ ရရှိအောင် ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့ အတွက် အကျိုးပြုစေရေး အထူး အလေးထား ဆောင်ရွက်ရန် အတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့ အစည်းများသည် Corporate Governance ကောင်းမွန်သော စီမံ အုပ်ချုပ်မှုရှိစေရန် စည်းကမ်းတကျရှိမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုတို့ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မူဝါဒ ကောင်းများ ရှိရန်လိုအပ်ပြီး လုပ်ငန်း အကောင်အထည်ဖော်ရာ တွင် လုပ်ငန်းစဉ် အဆင့်ဆင့် စနစ်တကျ ကောင်းမွန်လျှင် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမှာဖြစ်ကြောင်း၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ SOP များနှင့်အညီ ဆုံးဖြတ်ချက်များ ချမှတ် လုပ်ကိုင်ရန် လိုအပ် ကြောင်း၊ ဖွဲ့စည်းမှု အပိုင်းတွင်လည်း မိမိတို့ ရည်မှန်းချက် ဦးတည်ချက်ကို ရရှိနိုင်မည့် စုဖွဲ့မျိုးဖြစ်ရန် လိုအပ်ကြောင်း၊ မြို့နယ်အဆင့်ဝန်ထမ်းအထိ မိမိအဖွဲ့အစည်း၏ ဦးတည်ချက်၊ ရည်မှန်းချက်ကို သိရှိနေရန် လိုအပ်ကြောင်း၊ အကြောင်းကိစ္စ၊ ပြဿနာရှိလျှင် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်း ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မှန်ကန်ပြီး မြန်ဆန်နေရန်လိုအပ်ကြောင်း၊ Conflict of Interest(COI) မဖြစ်စေရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆောင်ရွက်နိုင်လျှင် ရလာဒ်ကောင်းများ ရရှိလာမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

ထို့နောက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ သစ်လုပ်ငန်း တို့မှ ဦးဆောင် ညွှန်ကြားရေးမှူးများက မိမိတို့ လုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်း တင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ဖြည့်စွက် ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါ သည်။

Admin

Admin

Top