PFP Web Portal အသုံးပြုနည်းသင်တန်းသို့ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်ကြည့်ရှုအားပေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဆောင်၍ အသေးစား အဂတိ လိုက်စားမှုများ လျော့ချနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင်  အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Progarmme-PFP)ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် PFP Web Portal သင်တန်းကို ၂၀၂၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ နေပြည်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) သီရိရတနာ ခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

          အဆိုပါ သင်တန်းသို့ CPU နှင့် DEO တာဝန်ထမ်းဆောင်မည့် ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)၊ ရုံးအမှတ်(၁၉)တို့မှ အရာထမ်း/အမှုထမ်း၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာန/လုပ်ငန်းများမှ အရာထမ်း/အမှုထမ်း(၂၅)ဦးကို Physical Training ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တက်ရောက်သည့် သင်တန်းသားများကို Online ဖြင့် လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။

          ၎င်းသင်တန်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာ နှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြကြာခြည် တို့က DEO Level ၏ (Data Entry Office) လုပ်ငန်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လက်တွေ့ပြုလုပ်ပြခြင်းကို လည်းကောင်း၊ CPU Level ၏ (Corruption Prevenation Unit) လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လက်တွေ့ပြုလုပ်ပြခြင်းကို လည်းကောင်း၊ Ministry Level ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လက်တွေ့ပြုလုပ်ပြခြင်းတို့ကို လည်းကောင်း ပို့ချခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top