ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သတ္တုတွင်းဦးစီးဌာန

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသောအောက်ဖော်ပြပါ (လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အမှုထမ်းရာထူး(၂၃)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည် –


စဉ်

ရာထူး

ရာထူးနေရာ

အနိမ့်ဆုံးပညာအရည်အချင်း
(က)စစ်ဆေးရေးမှူး – ၂(၁) နေရာB.E(Materials & Metallurgy/ Mining/ Metallurgy/ Mechanical/Electrical Power/ Civil)
( ခ)စာရင်းကိုင် – ၂(၈) နေရာB.Com,B.Act,B.Econ B.B.Sc(Applied Statistics)
( ဂ)ဘူမိဗေဒလက်ထောက် – ၂   (၁) နေရာB.Sc(Geology)
(ဃ)ကွန်ပျူတာလုပ်ဆောင်ရေးမှူး(၁၂) နေရာB.E(Mining/Metallurgy/ Mechanical/Electrical Power/ Civil) B.Sc(Geology),L.L.B, B.A(English),B.C.Sc
( င )ဒုတိယဦးစီးမှူး(၁) နေရာB.Sc(Geology)

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည် –

(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။ ( ခ )  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်  ပြည့်ပြီးအသက်(၃၀)နှစ်မကျော်လွန်သူ ဖြစ်ရမည်။ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက်မူရင်းပါရှိရမည်။

( ခ )   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီးအသက်(၃၀)နှစ်မကျော်လွန်သူ ဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါကအသက် (၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက်မူရင်းပါရှိရမည်။

(ဂ)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ)   ဌာနတွင် အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန် ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။

(င)     ရွေးချယ်ခန့်ထားခြင်းခံရပါက နေရာဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်ရမည်။

(စ)    အခြားဝန်ထမ်းအဖွဲ့အစည်းများမှလျှောက်ထားသူများသည်သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏   ခွင့်ပြုချက်ဖြင့် လျှောက်ထား ရမည်။

(ဆ)   အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်(Removal)ခံရသူ လျှောက်ထားခွင့်မရှိပါ။

၃။      လျှောက်လွှာတွင်အောက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာဖော်ပြရမည်-

          (က)    အမည်၊

          (ခ)     နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊

          (ဂ)     မွေးသက္ကရာဇ်၊အသက်၊

          (ဃ)    လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊

          (င)     ပညာအရည်အချင်း၊အောင်မြင်သည့်ခုနှစ်နှင့်အောင်မြင်ခဲ့သည့်ကျောင်း၊

                   တက္ကသိုလ်၊

          (စ)     လျှောက်ထားလိုသည့်ရာထူး၊

          (ဆ)    မိဘအမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်

          (ဇ)     ဝန်ထမ်းဖြစ်လျှင်အလုပ်အကိုင်နှင့်ဌာန၊

          (ဈ)     ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်၊

          (ည)    ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် E-Mail

          (ဋ)     အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံတို့ကို ဖော်ပြရမည်။

၄။      လျှောက်လွှာပုံစံနှင့်အတူအောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

(က)    ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ် ရေးထိုးရန်)၊

(ခ)     တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း

(ဃ)    လျှောက်လွှာပိတ်ရက်မတိုင်မီ  (၁)လအတွင်း   ရယူထားသည့်  အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊

(င)     သက်ဆိုင်ရာရဲစခန်းမှ(၁)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊

( စ )   အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ် ရေးထိုးရန်)၊

 (ဆ)   (၁)လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ(၃)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ရေးသားရန်)

(ဇ)     အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက်အထားမိတ္တူများ၊

(ဈ)     သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ (၁)လအတွင်း ရယူထားသော ကျန်းမာကြောင်းဆေးထောက်ခံချက်မူရင်း၊

(ည)    အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊

၅။      လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သတ္တုတွင်းဦးစီးဌာန၊ www.mining.gov.mm တွင်  ရယူနိုင်ပြီး လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန၊ရုံးအမှတ်(၁၉)၊နေပြည်တော်ဟုလိပ်မူ၍လူကိုယ်တိုင်(သို့မဟုတ်) အမြန်ချောပို့(သို့မဟုတ်) domnpt373@gmail.com သို့   ၆-၂-၂၀၂၃  ရက်နေ့ရုံးချိန် အရောက် နောက်ဆုံးထားပေးပို့ လျှောက်ထားရပါမည်။

၆။      နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် သတ္တုတွင်းဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်။

၇။      ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို သတ္တုတွင်းဦးစီးဌာန၊  www.mining.gov.mm နှင့် ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာပေးထားမည် ဖြစ်သည်။

၈။      လျှောက်ထားသူများသည် မြန်မာစာ၊အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတဘာ   သာရပ်မေးခွန်းတို့အား (၁၁.၂.၂၀၂၃)ရက်နေ့ နံနက်(၉:၀၀)နာရီမှ နေ့လည်  (၁၄:၃၀)နာရီထိ ရေးဖြေစာမေးပွဲစစ်ဆေးမည်ဖြစ်ပြီး   ရေးဖြေစာမေးပွဲအောင်မြင်သူကိုသာ လူတွေ့နုတ်ဖြေစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပါသည်။

၉။      ဖြေဆိုခွင့်ကတ်ပြားများကို(၁၀-၂-၂၀၂၃)ရက်နေ့၌ရုံးအမှတ်(၁၉)၊သတ္တုတွင်း ဦးစီးဌာန၊စီမံခန့်ခွဲရေးဌာနခွဲတွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

၁၀။    သတ်မှတ်ရက်ထက် နောက်ကျမှရောက်လာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်း အထောက်အထားမပြည့်စုံသော လျှောက်လွှာများ၊ မှားယွင်းဖြည့်သွင်းထားသော လျှောက်လွှာများအား ပယ်ဖျက်မည်ဖြစ်ပါသည်။

၁၁။    ရေးဖြေစာမေးပွဲဖြေဆိုရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း) ဘွဲ့လက်မှတ်(မူရင်း)များ ပါရှိရမည်ဖြစ်ပြီး ၊ မပါရှိပါက စာမေးပွဲဖြေဆိုခွင့်ရမည် မဟုတ်ပါ။

၁၂။     အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်၊၀၆၇-၄၀၉၃၇၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

သတ္တုတွင်းဦးစီးဌာန

လျှောက်လွှာ ဖောင် အား Download လုပ်ရန်

Admin

Admin

Top