သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်းမိသားစုဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်း မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ခဲ့ကြပါသည်။

         အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီးနှင့်   ဧည့်ပရိတ်သတ်များက     “နမောတဿ” 

သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိ စာသင်တိုက် ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများမှ ပျဉ်းမနားမြို့၊ အောင်သိဒ္ဒိကျောင်းတိုက် ဆရာတော်နှင့် တပ်ကုန်းမြို့၊ ပဏ္ဍိတာရာမစာသင်တိုက် ဆရာတော် များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများမှ ကျန်ရှိသော ဆရာတော် သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များမှ ပရိတ်တရား၊ “အနုမောဒနာ” တရားများ ချီးမြှင့်ခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ကြွရောက်လာသော ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top