ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သတ္တုတွင်းဦးစီးဌာန
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်

ရာထူး

ရာထူးနေရာ

အနိမ့်ဆုံးပညာအရည်အချင်း

က

စစ်ဆေးရေးမှူး – ၂

(၁) နေရာ

B.E

စာရင်းကိုင် – ၂

(၈) နေရာ

B.Econ, B.Com, B.Act,

B.B.Sc(Applied Statistics)

ဘူမိဗေဒလက်ထောက် – ၂ 

(၁) နေရာ

B.Sc(Geology)

ကွန်ပျူတာလုပ်ဆောင်ရေးမှူး

(၉) နေရာ

B.E, B.Sc(Geology), L.L.B,

B.A(English), B.C.Sc

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၃၀)နှစ်မကျော်လွန်သူဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် မကျော်လွန်သူ ဖြစ်ပြီး လက်ရှိဌာန၏ခွင့်ပြုချက်မူရင်း ပါရှိရမည်။

(ဂ)     ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

          (ဃ)    ဌာနတွင် အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၃)နှစ်တာဝန်ထမ်းဆောင်ရန် ဝန်ခံ

ကတိပြု လက်မှတ်ရေးထိုးရမည်။

(င)     ရွေးချယ်ခန့်ထားခြင်းခံရပါက နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင် ရမည်။

(စ)     အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာန နှင့်အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

(ဆ)    အစိုးရဌာနတစ်ခုခု၏  ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ်

(Removal) ခံရသူများလျှောက်ထားခွင့် မရှိပါ။

၃။       လျှောက်လွှာတွင် အောက်ဖော်ပြပါအချက်များကို ပြည့်စုံစွာဖော်ပြရမည်-

          (က)    အမည်၊

          (ခ)     နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊

          (ဂ)     မွေးသက္ကရာဇ်၊

          (ဃ)    လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ၊

          (င)     ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့်ကျောင်း၊ တက္ကသိုလ်၊

          (စ)     လျှောက်ထားလိုသည့်ရာထူး၊

          (ဆ)    မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်၊

          (ဇ)     ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့် ဌာန၊

          (ဈ)     ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်၊

          (ည)    ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် E-Mail၊

          (ဋ)     အမြဲတမ်းနေရပ်လိပ်စာ အပြည့်အစုံတို့ကို ဖော်ပြရမည်။

၄။       လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

(က)    ဘွဲ့လက်မှတ်မိတ္တူ၊ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

(ခ)     တက္ကသိုလ်ဝင်တန်း‌အောင်လက်မှတ်မိတ္တူ၊ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

(ဂ)     နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

(ဃ)    လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန် ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊

(င)     သက်ဆိုင်ရာရဲစခန်းမှ (၁)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် မူရင်း၊

(စ)     အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ၊ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

(ဆ)    (၁)လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ (၃)ပုံ၊ (ဓာတ်ပုံ နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

(ဇ)     အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက်အထား မိတ္တူများ၊

(ဈ)     သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ (၁)လအတွင်းရယူထားသော ကျန်းမာကြောင်း ဆေးထောက်ခံချက်မူရင်း၊

(ည)    အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)မိတ္တူ၊ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုးရန်)၊

၅။       လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သတ္တုတွင်းဦးစီးဌာန၊ www.mining. gov.mm တွင်ရယူနိုင်ပြီး လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန၊ ရုံးအမှတ် (၁၉)၊ နေပြည်တော်သို့လိပ်မူ၍ လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောပို့ (သို့မဟုတ်) domnpt373 @gmail.com သို့ ၁၀.၁၁.၂၀၂၃ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား ပေးပို့လျှောက်ထားရပါမည်။

၆။       နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် သတ္တုတွင်းဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်။

၇။      ဖြေဆိုခွင့်ရရှိသူ၏ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို သတ္တုတွင်းဦးစီးဌာန၊  www.mining.gov. mm  နှင့် ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာပေးထားမည်ဖြစ်သည်။

၈။      လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ် မေးခွန်း တို့အား (၂၅.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၄:၃၀)နာရီအထိ ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူကိုသာ လူတွေ့ နုတ်ဖြေ စစ်ဆေးမှုပြုလုပ်မည်ဖြစ် ပါသည်။

၉။       ဖြေဆိုခွင့်ကတ်ပြားများကို (၂၂-၁၁-၂၀၂၃)ရက်နေ့၌ ရုံးအမှတ်(၁၉)၊ သတ္တုတွင်းဦးစီးဌာန၊ စီမံခန့်ခွဲရေးဌာနခွဲတွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

၁၀။    သတ်မှတ်ရက်ထက် နောက်ကျမှရောက်လာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်

ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံသော လျှောက်လွှာများ၊ မှားယွင်းဖြည့်သွင်းထားသောလျှောက်လွှာများအား ပယ်ဖျက်မည်ဖြစ်ပါသည်။

၁၁။   ရေးဖြေစာမေးပွဲဖြေဆိုရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း) ဘွဲ့လက်မှတ် (မူရင်း)များ ပါရှိရမည်ဖြစ်ပြီး မပါရှိပါက စာမေးပွဲဖြေဆိုခွင့်ရမည်မဟုတ်ပါ။

၁၂။     အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၉၃၇၃ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

သတ္တုတွင်းဦးစီးဌာန

လျှောက်လွှာပုံစံရယူရန်

Admin

Admin

Top