အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမှတ်()သတ္တုတွင်းလုပ်ငန်း

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

၁။       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး(၂၉)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-

စဉ်

         ရာထူး

ရာထူးနေရာ

အနိမ့်ဆုံးပညာအရည်အချင်း

(က)

သတ္တုတွင်းလက်ထောက်(၂)

       ၁၃

B.E (Mining)

( ခ)

သတ္တုဗေဒလက်ထောက်(၂)

       ၁၀

B.E(Metallurgy)

( ဂ)

စာရင်းကိုင်(၂)

        ၅

B.Com,B.Act,B.Econ,B.BSc.

(Applied Statistics)

(ဃ)

ဘူမိဗေဒလက်ထောက်(၂)

        ၁

B.Sc(Geology)

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )   ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၀)နှစ်မကျော်လွန်သူဖြစ်ရမည်။ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက် မူရင်းပါရှိရမည်။

( ဂ )   ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ဃ)    ဌာနတွင်အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်     ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။

( င )   ရွေးချယ်ခန့်ထားခြင်းခံရပါက နေရာဒေသမရွေး သွားရောက် တာဝန်ထမ်း ဆောင်နိုင်ရမည်။

(စ )    အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထား ရမည်။

(ဆ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း(Dismissal)၊ရာထူးမှ  ထုတ်ပယ်(Removal)ခံရသူများလျှောက်ထားခွင့်မရှိပါ။

  ၃။       လျှောက်လွှာတွင် အောက်ဖော်ပြပါအချက်များကို ပြည့်စုံစွာ ဖော်ပြရမည်-

(က)    အမည်၊

( ခ )   နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊

( ဂ )   မွေးသက္ကရာဇ်၊ အသက် ၊

(ဃ)    လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊

( င )   ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့်ကျောင်း၊ တက္ကသိုလ်၊

( စ )   လျှောက်ထားလိုသည့်ရာထူး၊

( ဆ )  မိဘအမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်၊

( ဇ )   ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့်ဌာန၊

( ဈ )   ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်၊

( ည)   ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် E-mail ၊

( ဋ )   အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံတို့ကိုဖော်ပြရမည်။

၄။     လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

(က)    ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊

( ခ)    တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်        ရေးထိုးရန်)၊

( ဂ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုး         ရန်)၊

(ဃ)    လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်းရယူထားသည့် စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊

( င )   သက်ဆိုင်ရာရဲစခန်းမှ (၁)လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊

( စ )   အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေး ထိုးရန်)၊

(ဆ)    (၁)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ (၃)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)၊

 ( ဇ )   အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက် အထားမိတ္တူများ၊

( ဈ)      သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ (၁)လအတွင်း ရယူထားသော ကျန်းမာ ကြောင်း ဆေးထောက်ခံချက်မူရင်း၊

(ည)     အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ( ၆၆/ ၆) မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)။

၅။       လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား အမှတ်(၁)သတ္တုတွင်း လုပ်ငန်း  website www.mining.gov.mm တွင် ရယူနိုင်ပြီး လျှောက်လွှာများကို ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ရုံးအမှတ်(၁၉)၊ နေပြည်တော် ဟု လိပ်မူ၍ လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောပို့ (သို့မဟုတ်)  one.mining1@ gmail.com သို့ (၁၀.၁၁.၂၀၂၃)ရက်နေ့ ရုံးချိန်အရောက် နောက်ဆုံးထား ပေးပို့ လျှောက်ထား ရပါမည်။

၆။       နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့ အစည်း၏ ခွင့်ပြုချက်ဖြင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ ပေးပို့လျှောက်ထားရမည်။

၇။      ဖြေဆိုခွင့်ရရှိသူအမည်စာရင်းနှင့် ခုံအမှတ်တို့ကို အမှတ်(၁)သတ္တုတွင်းလုပ်ငန်း website www.mining.gov.mm နှင့် ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာပေးထားမည် ဖြစ်သည်။

၈။      လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် အထွေအထွေဗဟုသုတ ဘာသာရပ်မေးခွန်းတို့အား(၂၅-၁၁-၂၀၂၃)ရက်နေ့၊နံနက်(၀၉:၀၀)နာရီမှ နေ့လည်(၁၄:၃၀) နာရီထိ ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူကိုသာ လူတွေ့ နုတ်ဖြေ စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပါသည်။

၉။       ဖြေဆိုခွင့်ကတ်ပြားများကို (၂၂-၁၁-၂၀၂၃) ရက်နေ့၌ ရုံးအမှတ်(၁၉)၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ အုပ်ချုပ်ရေးဌာနခွဲတွင် လူကိုယ်တိုင်လာရောက် ထုတ်ယူရမည် ဖြစ် ပါသည်။

၁၀။    သတ်မှတ်ရက်ထက် နောက်ကျမှရောက်လာသောလျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံသော လျှောက်လွှာများ၊ မှားယွင်းဖြည့်သွင်းထားသော လျှောက်လွှာများအား ပယ်ဖျက်မည်ဖြစ်ပါသည်။

၁၁။        ရေးဖြေစာမေးပွဲဖြေဆိုရာတွင် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်(မူရင်း)၊ ဘွဲ့လက်မှတ်(မူရင်း)များ ပါရှိရမည်ဖြစ်ပြီး၊ မပါရှိပါက စာမေးပွဲဖြေဆိုခွင့်ရမည်မဟုတ်ပါ။

၁၂။     အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၉၂၀၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

   အမှတ်(၁)သတ္တုတွင်းလုပ်ငန်း

Admin

Admin

Top