အမှတ်(၁)သတ္တုတွင်းလုပ်ငန်းတွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့် စုစုပေါင်း ရာထူး (၂၉) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း

အမှတ်(၁)သတ္တုတွင်းလုပ်ငန်းတွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့်သတ္တုတွင်းလက်ထောက်(၂) ရာထူး(၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်(၂) ရာထူး (၁၀)နေရာ၊ စာရင်းကိုင်(၂) ရာထူး (၅)နေရာ၊ ဘူမိဗေဒလက်ထောက်(၂) ရာထူး(၁)နေရာ၊ စုစုပေါင်း ရာထူး (၂၉) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း

၁။       အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ (၁၆-၁၀-၂၀၂၃)ရက်နေ့၌ နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာ ခေါ်ယူခဲ့သည့် (လစာနှုန်း၊ ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) သတ္တုတွင်းလက်ထောက်(၂) ရာထူး(၁၃) နေရာ၊ သတ္တုဗေဒလက်ထောက်(၂) ရာထူး(၁၀)နေရာ၊ စာရင်းကိုင်(၂) ရာထူး(၅)နေရာ၊ ဘူမိဗေဒ လက်ထောက်(၂) ရာထူး(၁)နေရာ၊ စုစုပေါင်းရာထူး(၂၉) နေရာအတွက် လျှောက်ထားလာသူများ အနက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းအား အောက်ပါအတိုင်းထုတ်ပြန် ကြေညာလိုက် သည်-

စဉ် ကျား/ အမည် နိုင်ငံသားမှတ်ပုံတင် အမှတ် ခုံအမှတ်
(က) ကျား မောင်ကျော်ကိုကိုအောင် ၅/ကဘလ(နိုင်) ၂၂၁၃၀၈ ME-1 0 0 1
( ခ ) ကျား မောင်ကျော်မင်းသန့် ၅/ကလဝ(နိုင်)  ၀၄၂၁၈၆ ME-1 0 0 2
( ဂ ) မမင်းစန္ဒီမွန် ၉/သစန(နိုင်)    ၁၇၈၈၀၅ ME-1 0 0 3
(ဃ) ကျား မောင်ကျော်မင်းစိုး ၉/မထလ(နိုင်)  ၃၆၁၀၀၇ ME-1 0 0 4

၂။       အထက်ပါ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများအား (၂၂-၁၁-၂၀၂၃)ရက် (ဗုဒ္ဓဟူးနေ့)တွင် ရုံးအမှတ်(၁၉)၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အုပ်ချုပ်ရေးဌာနခွဲ၌ စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးသွားမည်ဖြစ်ပြီး (၂၅-၁၁-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ စတင်၍ မဏိရတနာ ကျောက်စိမ်းခန်းမ၊ သပြေကုန်း(နေပြည်တော်)၌ ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်-

စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်/နာရီ
(က) မြန်မာစာ ၂၅-၁၁-၂၀၂၃ ၀၉:၀၀ မှ ၁၀:၃၀
( ခ ) အင်္ဂလိပ်စာ ၂၅-၁၁-၂၀၂၃ ၁၀:၃၀ မှ ၁၂:၀၀
( ဂ ) အထွေထွေဗဟုသုတ ၂၅-၁၁-၂၀၂၃ ၁၃:၀၀ မှ ၁၄:၃၀

၃။       ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မူရင်း) ဘွဲ့လက်မှတ်(မူရင်း)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် အလုပ်သမားမှတ်ပုံတင်ကတ်(မူရင်း) တို့အား ယူဆောင်လာရမည်ဖြစ်ပါသည်။

အမှတ်(၁)သတ္တုတွင်းလုပ်ငန်း

Admin

Admin

Top