သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၃)ကြိမ်မြောက်ဝန်ထမ်းမိသားစုစုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၃)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂3 ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။

          အခမ်းအနားတွင် ပျဉ်းမနားမြို့၊ အောင်သိဒ္ဓိကျောင်း ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူကြပြီး ပြည်ထောင်စုဝန်ကြီး က အောင်သိဒ္ဓိကျောင်း ဆရာတော် အရှင်သူမြတ်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

          ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျန်ရှိသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

          ပြီးနောက် ပျဉ်းမနားမြို့၊ အောင်သိဒ္ဓိကျောင်း ဆရာတော်၊ တပ်ကုန်းမြို့၊ ဂိုဏ်းထောက် ပရိယတ္ထိစာသင်တိုက် ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက ပရိတ်တရား အနုမောဒနာ” တရားများ ချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကြွရောက်လာကြသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သိရှိရပါသည်။

 

 

Admin

Admin

Top