(၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်( ဝန်ကြီးဌာနပေါင်းစုံ )ပြေးခုန်ပစ်ပြိုင်ပွဲ၌ ဝန်ကြီးဌာနကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ် (၂)ဆု၊ ငွေတံဆိပ် (၂)ဆုနှင့် ကြေးတံဆိပ် (၂)ဆု၊ စုစုပေါင်း ဆုတံဆိပ် (၆)ဆုဆွတ်ခူးရရှိခဲ့

          (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်( ဝန်ကြီးဌာနပေါင်းစုံ )ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝန်ကြီးဌာန ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ရန်အတွက် အားကစားသမား (၃၀)ဦးဖြင့် ( ၁၃.၉.၂၀၂၃ )ရက်နေ့ မှစ၍ သက်ဆိုင်ရာ အားကစားနည်းများအလိုက် နည်းပြဆရာ (၄)ဦးဖြင့် စတင်လေ့ကျင့် ဆောင်ရွက်ခဲ့ ကြပါသည်။ အားကစားသမားများအား စိစစ်ရွေးချယ်ခဲ့ရာ အပြီးသတ်အားကစားသမား (၂၀)ဦးအား ရွေးချယ်၍  ဆက်လက်လေ့ကျင့်ဆောင်ရွက်ပေးခဲ့ပါသည်။ ပြိုင်ပွဲအား (၅.၁၂.၂၀၂၃)ရက်နေ့မှ (၈.၁၂.၂၀၂၃) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းမှ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ် (၂) ဆု၊ ကြေးတံဆိပ် (၂) ဆု၊ စုစုပေါင်း ဆုတံဆိပ် (၆)ဆုအမှတ်ပေါင်း (၅၁)မှတ် ရရှိခဲ့ ပါသည်။

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းမှ ဆုရရှိခဲ့သည့် အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ( ၅.၁၂.၂၀၂၃ )ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားမီတာ(၁၀၀၀၀) အပြေး ပြိုင်ပွဲတွင် ဦးကျော်မင်းအောင်( မြန်မာ့သစ်လုပ်ငန်း )မှ ရွှေတံဆိပ်ဆု၊
  • ( ၇.၁၂.၂၀၂၃ )ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားမီတာ(၅၀၀၀) အပြေး ပြိုင်ပွဲတွင် ဦးကျော်မင်းအောင်( မြန်မာ့သစ်လုပ်ငန်း )မှ ရွှေတံဆိပ်ဆုနှင့် အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် ဒေါ်ခိုင်သဇင်ဦး( မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း )မှ ငွေတံဆိပ်ဆု၊
  • (၈.၁၂.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသမီးလှံတံပစ်ပြိုင်ပွဲတွင် ဒေါ်ယမင်းဖြူ (မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း) မှ ကြေးတံဆိပ်ဆု၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲတွင် ဦးသူရအောင်( မြန်မာ့သစ်လုပ်ငန်း) မှ ကြေးတံဆိပ်ဆုနှင့် အမျိုးသားမီတာ(၁၅၀၀) အပြေးပြိုင်ပွဲတွင် ဦးကျော်မင်းအောင်( မြန်မာ့သစ်လုပ်ငန်း )မှ ငွေတံဆိပ်ဆုတို့အား ဆွတ်ခူးရရှိခဲ့ပါသည်။

Admin

Admin

Top