မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဗဟိုပြုဝန်းကျင်ဒေသရှိ ဘူမိရုပ်သွင် ထူးခြားလှပသည့် ကမ္ဘာ့မြေပြင်နေရာ Geosites  များ ရှာဖွေဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ခဲ့ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်ဘူမိဗေဒ လေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ အဖွဲ့ဝင် ၅ ဦးပါ ကွင်းဆင်းအဖွဲ့သည်    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဗဟိုပြုဝန်းကျင်ဒေသတို့တွင် ဘူမိရုပ်သွင်ထူးခြား လှပသည့် ကမ္ဘာ့မြေပြင်နေရာ (Geosites) များ ရှာဖွေဆန်းစစ်လေ့လာအကဲဖြတ်ခြင်း ကွင်းဆင်း လုပ်ငန်းအား ၂၂-၁၂-၂၀၂၃ ရက်နေ့မှ ၂၈-၁၂-၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။

ဘူမိရုပ်သွင်ထူးခြားလှပသည့် ကမ္ဘာ့မြေပြင်နေရာ (Geosites) များဆိုသည်မှာ ကျောက် တုံး၊ ကျောက်ဆောင်များ၊ ရေတံခွန်များ၊ ဂူများ၊ ရေပူစမ်းများ၊ ကမ်းခြေ၊ ကျောက်ပေါ်ကွက်၊ ချောက်ကမ်းပါးများ၊ လှပသောရှုခင်းများစသော ကမ္ဘာ့ဘူမိအမွေအနှစ်များသာမက သစ်ပင် ပန်း မန်များ၊ သားရဲတိရစ္ဆာန်မျိုးစိတ်များ၊ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များနေရာတို့ ပါဝင်ပါသည်။ Geosites များသည် ဘာသာရပ်ဆိုင်ရာအသိပညာဗဟုသုတများတိုးပွားစေခြင်း ၊ ဆည်းပူးလေ့ လာနိုင်စေခြင်း၊ ဒေသ၏လူမှုစီးပွားရေးစနစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် နိုင်ငံနှင့် အရပ်ဒေသအား ဂုဏ်သတင်းတိုးတက်ကျော်ကြားစေခြင်းတို့အားဖြစ်စေပြီး အများပြည်သူတို့မှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်လိုအပ်ပါသည်။

ဘူမိဥယျာဉ် Geopark တစ်ခု ဖြစ်မြောက်လာစေရန်အတွက် Geosite ဟုခေါ်ဆိုသော ပြကွက်များဖြင့် ရှာဖွေဆန်းစစ်အကဲဖြတ် စုစည်းတည်ဆောက်ရပါသည်။ ၂၀၂၃ ခုနှစ်၊ သတင်း အချက်အလက်အရ UNESCO Global Geoparks များအနေဖြင့် ကမ္ဘာ့တစ်ဝှမ်း နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် ၁၉၅ ခု ရှိပြီးဖြစ်ပါသည်။ ဥရောပတွင် ၉၈ ခု၊ အာရှနှင့်ပစိဖိတ်ဒေသတွင် ၇၈ ခု၊ တောင်အမေရိက-မြောက်အမေရိက-ကာရေဗီယန်တွင် ၁၇ ခု၊ အာဖရိကတွင် ၂ ခု တို့ဖြစ်ပါ သည်။ အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် ဗီယက်နမ်၊ မလေးရှားနှင့်ထိုင်းနိုင်ငံများတွင် Local Geopark, National Geopark များနှင့် UNESCO Global Geoparks များ ရှိပါသည်။ အာဆီယံ နိုင်ငံများအနက် UNESCO Global Geoparks မှာ ထိုင်း နိုင်ငံတွင် ၂ ခု၊ မလေးရှားတွင် ၂ ခု၊ အင်ဒိုးနီးရှားနိုင်ငံတွင် ၁၀ ခု၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ခု၊ ဗီယက်နမ်နိုင်ငံတွင် ၃ ခုတို့ ဖြစ်ပါသည်။ အာဆီယံနှင့် အပေါင်း သုံးနိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့တွင် UNESCO Global Geoparks မှာ တရုတ်နိုင်ငံတွင် ၄၁ ခုနှင့် ဂျပန်နိုင်ငံတွင် ၁၀ ခု၊ ကိုရီးယားနိုင်ငံတွင် ၅ ခုတို့ ဖြစ်ပါသည်။

UNESCO Global Geoparks အဆင့်သို့မရောက်မီ Local Geoparks နှင့် National Geoparks အဆင့်များသို့ ဦးစွာဖြတ်သန်းရပါသည်။မြန်မာနိုင်ငံအနေဖြင့်ပထမဦးဆုံးပုပ္ပားတောင် အမျိုးသားအဆင့် ဘူမိဥယျာဉ် (Mount Popa National Geopark) အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ (၁၅၂/ ၂၀၂၃) အရ ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေငြာခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အနာဂတ်တွင် အလားတူ နိုင်ငံတော်အဆင့် ဘူမိဥယျာဉ် National Geopark တစ်ခု၊ ထိုမှတဆင့် ကမ္ဘာ့အဆင့် UNESCO Global Geoparkတစ်ခုပေါ်ပေါက်လာနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဗဟိုပြုဝန်းကျင်ဒေသများသို့ သွားရောက်၍ ဘူမိရုပ် သွင်ထူးခြားလှပသည့် ကမ္ဘာ့မြေပြင်နေရာ(Geosites) များ ရှာဖွေဆန်းစစ်လေ့လာအကဲဖြတ်ခြင်း ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် (၁) ရွှေသာလျောင်းတောင် (၂) ရှမ်းတောင်ဦး (၃) စပယ် တောင် (၄) ဘော်တောင်(ဗျစ်တောရေဒေသ) (၅) ဖိုးအင်လိုဏ်ဂူ (၆) မောင်းကွေးရေတံခွန် (၇) ဓာတ်တော်တောင်လိုဏ်ဂူ (၈) ပြဒါးလင်းလိုဏ်ဂူ (၉) ဒီးဒုတ်လိုဏ်ဂူ (၁၀) ပြက္ခရွေတောင် (၁၁) ခင်လယ်ရွာရှုခင်းသာနှင့်ဘီလူးခြေရာ (၁၂) ဆင်ခေါင်းတောင် (၁၃) စွန်ရဲအင်း (၁၄) ဒီးဒုတ် ရေတံခွန်နှင့်ရေပြာအိုင် (၁၅) ၇ မိုင်ချောင်းသာ (၁၆) မဟာရွှေသိမ်တော်ဘုရားကြီး (၁၇) တမုတ် ရွှေဂူကြီးဘုရား (၁၈) ရှင်ပင်ရွှေဆပ်သွားဘုရား (၁၉) ရွှေဥမင်လိုဏ်ဂူ (၂၀) မြင်စိုင်းမြို့ဟောင်း (၂၁) မိုင်းမောမြို့ဟောင်း (၂၂) ရိုးရာဆင်ရုပ်ပြုလုပ်သည့်နေရာ(ဖောင်းရွာ) (၂၃) ဝါးနက်ဆင် စခန်း (၂၄) မြို့ကြီးရွာတောရကျောင်း(မျောက်မျက်ကွင်းဖြူများ)စသည်ဖြင့် နေရာပေါင်း ၂၄ နေရာတို့အား လေ့လာဆန်းစစ်အကဲဖြတ်နိုင်ခဲ့ပါသည်။ သဘာဝ၏ အရှိတရားနှင့် ဘူမိဗေဒ ဖြစ်တည်မှုတို့အား အခြေခံကာ ခရီးသွားအပန်းဖြေလေ့လာစရာနေရာများ ဖော်ထုတ်ထိန်းသိမ်း နိုင်ပါက ဒေသခံပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည့်အပြင် တစ်ဖက်တစ်လမ်းမှလည်း တိုင်းပြည်ဝင်ငွေရရှိစေမည်ဖြစ်ပါသည်။

Admin

Admin

Top