ပြည်ပဖက်စပ်လုပ်ငန်းများ

(၁)         Cornerstone Resources (Myanmar)Ltd.

          ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ မိုင်းပွန်မြို့နယ်၊ လုံချိန်ဒေသတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် သွပ်သတ္တုရိုင်း ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသောလုပ်ငန်းစာချုပ်အား (၁၂.၁၀.၁၉၉၉)ရက်နေ့တွင် စာချုပ်ချုပ် ဆိုခဲ့ပြီး စာချုပ်သက်တမ်း မှာ(၂၀)နှစ်ဖြစ်ပါသည်။ ထုတ်လုပ်မှုစတင်သည်မှ ၂၀၁၇ ခုနှစ် မတ်လကုန်အထိ သွပ်သတ္တုရိုင်း(၁၃၀၀၀၁.၈၃၉) မက်ထရစ်တန် ထုတ်လုပ်ထားရှိပြီး၊ ထုတ်လုပ်ပြီး သတ္တုရိုင်းများအပေါ် နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန်ဒေါ်လာ (၀.၆၅)သန်းခန့်နှင့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းဝေစု အမေရိကန်ဒေါ်လာ(၆.၃၃) သန်းခန့် ပေးသွင်းပြီးဖြစ်ပါသည်။

        အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့် သွပ် ၃၅ % ခန့်အရည်အသွေးရှိ သွပ်သတ္တုရိုင်း များအား ကုမ္ပဏီက ဝယ်ယူ၍ လားရှိုး၊ မန်ပျဉ်စက်ရုံတွင် Electrolysis နည်းဖြင့်ဆင့် တက် ပြုပြင်၍ Zn ၉၉.၉၈၄ % အရည်အသွေးရှိ Zinc Ingot  များထုတ်လုပ်ပါသည်။

         အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီတို့၏ Production Sharing Agreement for Longh Kengh Zinc Mining Operation စာချုပ်ပါ သတ်မှတ်ချက်နှင့်အညီ (၁.၃.၂၀၁၅) ရက်နေ့မှ (၃၀.၃.၂၀၁၅) ရက်နေ့အထိ တစ်ဆက်တည်း ရက်ပေါင်း (၃၀)ကာလအတွင်း သွပ် အရည်အသွေး ၉၉.၉၈၄%ရှိ သွပ်သတ္တုစင် (Zinc Ingot) ၄၃၆.၃၆ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့ပါသည်။ ကုမ္ပဏီမှတင်ပြသော ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပါ စက်ရုံထုတ်လုပ်မှုဒီဇိုင်း၏ ပမာဏ ၈၀% ကျော်လွန်သော သွပ်သတ္တုစင်(Zinc Ingot)များကို ထုတ်လုပ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရပါသဖြင့် ၂၀၁၅ ခုနှစ် မတ်လ (၃၁)ရက်နေ့မှ စီးပွားဖြစ်စတင်ရန်တင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃၀.၇.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ရက-၉/၁/၂၀၁၅ (၀၁၅၂၉၈) ဖြင့်် သဘောတူခွင့်ပြုခဲ့ပါသည်။

     လုပ်ငန်းစတင်သည့် (၁၂.၁၁.၁၉၉၉) နေ့မှ (၃၁.၃.၂၀၁၇) ရက်နေ့အထိ သတ္တုရိုင်းတန်ချိန်စုစုပေါင်း (၁၃၀၀၀၁.၈၃၉) မက်ထရစ်တန် ထုတ်လုပ်ခဲ့ပြီး Zinc Ingot တန်ချိန်စုစုပေါင်း (၂၅၅၀၉.၃၆) မက်ထရစ်တန် ထုတ်လုပ်ခဲ့ပြီးဖြစ်ပါသည်။ သွပ်သတ္တုရိုင်းများအပေါ် ဓာတ်သတ္တုခွန် အမေရိကန်ဒေါ်လာ (၆၅၀၂၄၈.၄၁) နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဝေစု အမေရိကန်ဒေါ်လာ (၆၃၃၁၈၀၆.၃၄၀) ရရှိပြီး ဖြစ်ပါသည်။          

ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ

      လားရှိုး၊ မန်ပျဉ်၊ သွပ်စင်စက်ရုံ (Electrolytic Zinc Plant) ပတ်ဝန်းကျင်ကျေးရွာဖြစ်သည့် ကုန်းယုံးကျေးရွာ မီးရရှိရေး ဆောင်ရွက်ပေးခြင်း ၄င်းရွာစာသင်ကျောင်းအတွက် ဘိလပ်မြေအိတ်ပေါင်း(၉၀) လှူဒါန်းခြင်း၊ ကုန်းယုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း အတွက် အိမ်သာ(၂)လုံးလှူဒါန်းခြင်း၊ ရေလှောင်ကန်(၂)ကန် တည်ဆောက်ပေးခြင်း၊ ၄င်းရွာကျောင်း တွင် အာရုံဆွမ်းအတွက် ဆန်၊ ဆီ၊ ကြက်ကြော်များ လှူဒါန်းမှုကို ဆောင်ရွက်ခဲ့ပါသည်။

Top