Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပပြုလုပ်သော ကျောက်စိမ်းအချောထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဦခင်မောင်ရီ တက်ရောက်

သတင်းစဉ်

နေပြည်တော် (၂၀-၈-၂၀၂၁)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမ၌ Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သော ကျောက်စိမ်းအချောထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ ရပ်ကွက်ရှိ ရွှေကြာပင်ကျောက်မျက်ရတနာအချောထည်ဈေး၏ မြေအကျယ်အဝန်း၊ အချောထည် အလုပ်ရုံများ တည်ဆောက်ရန်အတွက် ကုမ္ပဏီအလိုက် အကွက်ရိုက် သတ်မှတ်၍ မြေကွက်ချထားပေးမှုအခြေအနေ၊ ကျောက်မျက်ရတနာအချောထည် အလုပ်ရုံများ တည်ဆောက်ထားရှိမှုအခြေအနေ၊ အလုပ်ရုံတည်ဆောက်ဆဲမြေကွက်များ၏ အခြေအနေ၊ ကျောက်မျက်ရတနာအချောထည်ဈေးအတွင်း ကျောက်မျက်ရတနာ အချောထည်များ ထုတ်လုပ်ရန်အတွက် စက်ပစ္စည်းကိရိယာများ တပ်ဆင်ပြီးစီးသည့် ကုမ္ပဏီများနှင့် လုပ်ငန်းစတင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ၏ အခြေအနေ၊ ကျောက်မျက်ရတနာပြပွဲ များတွင် တင်ပြရောင်းချသော ကျောက်မျက်ရတနာများ အခြေအနေနှင့် နေပြည်တော် ရွှေကြာပင် အချောထည်ဈေးတွင် ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦမင်းမင်းဦး၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Gems Trading Center အဆောက်အအုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ရွှေကြာပင် ကျောက်မျက်ရတနာအချောထည်ဈေး တည်ဆောက်မှု အခြေအနေများ၊ ရွှေကြာပင်ကျောက်မျက်ရတနာအချောထည်ဈေးတွင် Gems Trading Center လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျောက်မျက်ရတနာများကို အချောထည်ပြုလုပ်ပြီးနောက် ပြည်ပသို့ တင်ပို့ရောင်းချရန် နေပြည်တော်တွင် One Stop Service, OSS ဝန်ဆောင်မှု ပေးအပ်နိုင်ရေးအတွက် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါ သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်နေပြည်တော်၊ ရွှေကြာပင်ရှိ ကျောက်စိမ်း အချောထည်များ ထုတ်လုပ်နေသည့် ကျောက်မျက်ရတနာကုမ္ပဏီ၏ အလုပ်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကျောက်စိမ်းအရိုင်းများကို ဖြတ်တောက်ခြင်း၊ ဒီဇိုင်း ထုတ်လုပ်ခြင်း၊ ကွန်ပျူတာဖြင့် အသေးစိတ် ဒီဇိုင်းပုံဖော်ခြင်း၊ လက်ကောက်များ၊ လက်စွပ် များနှင့် ပုတီးစေ့များကို အကြမ်းထည်မှအရောင်တင် အချောထည် ထုတ်လုပ်ရရှိသည် အထိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံပိုင် ကျောက်စိမ်း များထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Admin

Admin

Top